တာချီလိတ်တွင် (၂)ရက်နေသွားသည့် ကျောက်မဲမြို့က အတည်ပြုလူနာသည် ဘန်ကောက်မှာကတည်း က နေမကောင်း၍ နေရပ်ပြန်လာသူဖြစ်နေ

တာချီလိတ်တွင် (၂)ရက်နေသွားသည့် ကျောက်မဲမြို့က အတည်ပြုလူနာသည် ဘန်ကောက်မှာကတည်း က နေမကောင်း၍ နေရပ်ပြန်လာသူဖြစ်နေ
ဧပြီ 2, 2020
By Tachileik News Agency
တာချီလိတ်တွင် (၂)ရက်နေသွားသည့် ကျောက်မဲမြို့က အတည်ပြုလူနာသည် ဘန်ကောက်မှာကတည်း က နေမကောင်း၍ နေရပ်ပြန်လာသူဖြစ်နေ

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့က ထိုင်းနိုင်ငံမှ နေရပ်ပြန် (၈၀၀)ကျော်နှင့်အတူ ဝင်လာသည့် မြန်မာနိုင်ငံ၏ (၁၄)ယောက်မြောက် COVID 19 အတည်ပြုလူနာသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရှိစဉ်ကတည်းက နေမကောင်းဖြစ်နေ၍ နေရပ်ပြန်လာသူဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီလ(၂)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

အဆိုပါ အသက် (၂၄) နှစ်အရွယ် အမျိုးသားလူနာသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်နေထိုင်စဉ် အန်ခြင်း၊ ဗိုက်အောင့်ခြင်းများခံစားရသဖြင့် အငှားယာဉ်ဖြင့် တာချီလိတ်နယ်စပ်ဘက်သို့ ပြန်လာခြင်းဖြစ်ပြီး တာချီလိတ် - မန္တလေး - ကျောက်မဲခရီးစဉ်အတိုင်း ကျောက်မဲပြန်ရောက်ချိန်တွင် ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစမ်းသပ်ရာမှ အတည်ပြုလူနာဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့တွင် ဓါတ်ခွဲအတည်ပြုအဖြေရခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာ နိုင်ငံတွင်းဝင်လာသည့် (၆)ရက်တာ ကာလအတွင်း ထိတွေ့ခဲ့သည့် တာချီလိတ်နှင့် ကျောက်မဲမှ ကျန်းမာရေးဝန်ထမ်း (၆) ဦးအပါအဝင် လူပေါင်း (၁၈၀) ဝန်းကျင်ကို လက်ရှိတွင် ဆေးရုံ၊ နေအိမ်တို့၌ (၁၄)ရက်သီးခြားစောင့်ကြည့်မှု လုပ်ဆောင်နေရခြင်းဖြစ်သည်။

အတည်ပြုလူနာ တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်လာစဉ် ထိတွေ့ခဲ့ဖွယ်ရှိသည့် ဝန်ထမ်းများ၊ တာချီလိတ်တွင် (၂)ရက်တာ တည်းခိုနေထိုင်စဉ်အတွင်း သွားလာခဲ့သည့်နေရာများမှ ထိတွေ့ခဲ့သူများ၊  လေဆိပ်၏အပေါ်ထပ်တွင် နေ့လယ်စာ စားသုံးခဲ့ပြီ အတူရှိနေခဲ့သူများ၊ တာချီလိတ် - မန္တလေး လေကြောင်းခရီး အတူစီးနင်းကြသူများ၊ ကျောက်မဲဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခဲ့သူများကို (၁၄)ရက်သီးခြားစောင့်ကြည့်မှု လုပ်ဆောင်ထားရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~