Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ထားရသည့် မိုင်းယန်းမြို့နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် ညမထွက်ရ တားမြစ်ထားကြောင်း မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး

Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ထားရသည့် မိုင်းယန်းမြို့နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် ညမထွက်ရ တားမြစ်ထားကြောင်း မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး
စက်တင်ဘာ 6, 2020
By Tachileik News Agency

Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ထားရသည့် မိုင်းယန်းမြို့နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် ညမထွက်ရ တားမြစ်ထားကြောင်း မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး

Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ထားရသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများအား COVID-19 ရောဂါပိုး ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ဒေသတွင်းနေ ပြည်သူများ ညမထွက်ရအမိန့်ကို လိုက်နာနိုင်ရန် အရှိန်အဟုန်တိုးမြှင့်၍ အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း ညစဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ သတ်မှတ်ချိန်အတွင်း ထွက်လိုလျှင်  အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ခွင့်ပြုချက်အရမှအပ သွားလာခွင့် မရှိကြောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ဂရုစိုက် နေထိုင်သွားကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ နေအိမ်ပြင်ပထွက်ရန် ကိစ္စပေါ်ပေါက်ပါက နှာခေါင်းစည်း (mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ သွားလာနေထိုင်ကြရန်၊ မကြာခဏ လက်ဆေးရန် စသည့် အကြောင်းအရာများကို မိုင်းယန်းမြို့ပေါ် (၁၁) ရပ်ကွက် နှင့် မြို့တွင်း လမ်းဆုံများတွင် အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးနေခြင်း ဖြစ်သည်။

မိုင်းယန်းမြို့နယ်အတွင်း ညမထွက်ရအမိန့်အား ဇူလိုင်လ ကတည်းက ထုတ်ပြန်ထားသော်လည်း စက်တင်ဘာလ အတွင်း အတည်ပြုလူနာ (၃)ဦးတွေ့ရှိ လာသည့်အတွက် ပြည်သူများ ပိုမို သိရှိ သတိပြုမိစေရန် နှင့် Covid-19 ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ‌ရေးအသိပညာများကို ပိုမိုလိုက်နာနိုင်စေရန်အတွက် မြန်မာ - ရှမ်း နှဏ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လှည့်လည် အသိပေးနှိုးဆော်ချိန်တွင် ညမထွက်ရ အမိန့်အား လိုက်နာရန် နှင့် ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားရှိသည်။
မိုင်းယန်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အပါအဝင် တာဝန်ရှိသူများက ပူးပေါင်းကာ စက်တင်ဘာလ၏ ပထမပတ်အတွင်း အရှိန်အဟုန်တိုးမြှင့်၍ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၊ ဆီလူးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူ (၆)ဦးအား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ case 1209၊ case 1210 နှင့် case 1211 တို့အဖြစ် COVID 19 အတည်ပြုလူနာ (၃)ဦးကိုတွေ့ရကြောင်း ၂၀၂၀ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့က  ဓာတ်ခွဲအဖြေရလာခြင်းဖြစ်၍ မိုင်းယန်းမြို့နယ်အတွင်း Covid-19 ဖြစ်သည်။
Tachileik News Agency
သတင်း - မသီတာ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~