တာချီလိတ်မြို့ရဲ့ ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းအတွင်း Covid-19 ပိုးတွေ့သူ (၁၇)ဦး ထပ်တိုး တွေ့ရှိ

တာချီလိတ်မြို့ရဲ့ ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းအတွင်း Covid-19 ပိုးတွေ့သူ (၁၇)ဦး ထပ်တိုး တွေ့ရှိ
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ယနေ့ ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းကစ၍ နံနက်(၁၁)နာရီ ဝန်းကျင်အထိ လာရောက်စစ်ဆေးမှု ခံယူသူများထဲက   (၁၇)ဦးတွင် Covid-19 ပိုးတွေ့ရှိထားကြောင်း သိရသည်။ 

ပိုးတွေ့သူများနှင့် ထိတွေ့မှုရှိသူများကို စုံစမ်း မေးမြန်းနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၁)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈၆)ဦးအထိ တွေ့ရှိထားသည်။