ချင်းပြည်နယ်မှ စစ်အာဏာရှင်တော်လှန်ရေး လက်နက်အဖွဲ့ (၄)ဖွဲ့က မဟာမိတ်ဖွဲ့စည်း

ချင်းပြည်နယ်မှ စစ်အာဏာရှင်တော်လှန်ရေး လက်နက်အဖွဲ့ (၄)ဖွဲ့က မဟာမိတ်ဖွဲ့စည်း
သြဂုတ် 24, 2021 | နိုင်ငံရေး

 ချင်းပြည်နယ်မှ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် မင်းတပ်မှ  CDF (Mindat) ၊ ကန်ပက်လက်မှ CDF (Kanpetlet)၊ ဖလမ်းနှင့်ကလေး - ကဘော်မှ CNO (Falam & Kalay – Kabaw) နှင့် တီးတိန်၊ တွန်းဇံနှင့် ကလေးမှ ZFU (Tedim, Tonzang & Kalay) အဖွဲ့များက မဟာမိတ်ဖွဲ့လိုက်ကြောင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့များအနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်အောက်ခံမဟုတ်သည့် လွတ်လပ်ပြီး ခိုင်မာတိကျသော နိုင်ငံရေးဆိုင်ရာရည်မှန်းချက်ရှိသည့် အဖွဲ့အစည်းများဖြစ်သည်ဟု ကြေညာထားသည်။

မဟာမိတ်အဖွဲ့အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ လက်တွဲတော်လှန်မည်ဟု ကြေညာထားသည်။

#TachileikNewsAgency