ဖာပွန်တိုက်ပွဲတွင်  KNU  နှင့် အာဏာသိမ်းစစ်ကောင်စီ၏ BGF တို့အကြား BGF ဘက်မှ  စစ်ကြောင်းမှူးတစ်ဦး သေဆုံး

Photo - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်သားများ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်)အတွင်း KNU/KNLAနှင့် အာဏာသိမ်းစစ်ကောင်စီ၏ နယ်ခြားစောင့်တပ် (BGF) တို့ကြား ၂၀၂၁ ခုနှစ် မေလ (၂၄) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း  BGF စစ်ကြောင်းမှူး သေဆုံးသွားကြောင်း သိရသည်။

ဖာပွန်- ကတိုင်တိလမ်းပိုင်းတွင်  KNLA တပ်မဟာ (၅) နှင့် BGF တို့ကြား  နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU သတင်းထုတ်ပြန်ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

နာရီဝက်ကြာတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့၏ စနိုက်ပါပစ်ခတ်မှုဖြင့် နယ်ခြားစောင့်တပ် (BGF) ဘက်မှ စစ်ကြောင်းမှူးတစ်ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။