ပေါက်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းရှင်းလင်း

ပေါက်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းရှင်းလင်း
By Tachileik News Agency

မ‌ကွေးတိုင်း၊ ပေါက်မြို့နယ်၌ ပြည်သူများကို သတ်ဖြတ်၊ နေအိမ် ၂၀ ဝန်းကျင်မီးရှို့၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်များက ပြန်လည်ရှင်းလင်းခဲ့ပြီး ဆက်လက်လုပ်ဆောင်ခြင်းမပြုကြရန် သတိပေးကြောင်း ပေါက် PDF တပ်ရင်း (၄) က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကုက္ကိုစု‌ကျေးရွာမှ ပျူ‌စောထီးအင်အား (၃၀) ဝန်းကျင်သည် ပြီးခဲ့သည့်လက ပြည်သူများ၏‌ နေအိမ်(၂၀) ခန့်ကို ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်ဦးအား ပစ်သတ်ခဲ့ကာ PDF ကို ထောက်ခံလျှင် အားလုံးပစ်သတ်မည်ဟု ခြိမ်း‌ခြောက်သဖြင့် ဒေသခံများ ယခုအချိန်ထိ တိမ်းရှောင်နေကြရသည့်အပြင်  ညစဉ်သေနတ်များပစ်ဖောက်ခြင်း၊ ရဲများထံမှ ကျည်ဆန်အကူအညီများရယူကာ G3 လက်လုပ်တစ်တောင့်ထိုးသေနတ်များ ပြုလုပ်ထားကြကြောင်းသိရသဖြင့် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင်  ပျူ‌စောထီး ဒုတိယခေါင်းဆောင် အောင်ဆန်းနှင့် ဦးတိုးတို့အိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်များဖြစ်ကြသည့် Myaing PDF ၊ Pakokku PDF ၊ ပေါက်မြို့နယ် တိမ်လွှာအဖွဲ့ ၊ ASTF ၊ Secret Danger Revolution Force နှင့် Pauk PDF တပ်ရင်း(၄)တို့က ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင်  ဝင်ရောက်စီးနင်းရာ ပျူစောထီး (၂) ယောက်သေပြီး (၁) ယောက် ဒဏ်ရာပြင်းထန်ကာ G3 ကျည်တစ်ထောင့်ထိုးလက်နက်ငယ် (၃)လက်နှင့် ကျည်အနည်းငယ်၊ keypad phone ၂ လုံး၊ smart phone ၂ လုံးနှင့် ၎င်းတို့၏ အချက်အလက်များ သိမ်းဆည်းခဲ့သည်ဟု သိရသည်။

အလားတူ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ကလည်း ပျူစောထီးခေါင်းဆောင် တင်အေးနှင့် ပြေအေးတို့ စုဝေးရာ ရေပြာရွာ တင်‌အေးအိမ်နှင့် မျက်နှာချင်းဆိုင်လ္ဘက်ရည်ဆိုင်သို့ ဝင်ရောက်စီးနင်းခဲ့သော်လည်း ခရီးသွားပြည်သူများရှိသဖြင့် တင်အေးအိမ်အတွင်းသို့ လက်ပစ်ဗုံးဖြင့်သာ ပစ်ဖောက်သတိပေးခဲ့ပြီး ယင်းနေ့တွင်ပင် ကုက္ကိုစုရွာရှိ ပြည်သူအိမ်များဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော ဇီးတောရွာပျူစောထီး ဝေထွန်းကိုလည်း တိမ်လွှာအဖွဲ့နှင့် ASTF တို့ပူးပေါင်းပြီး  ရှင်းလင်းခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ(၅)ရက်ကလည်း ကုက္ကိုစုရွာမှ ပြည်သူအိမ်များ ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော ပျူစောထီးဆန်းနိုင်နှင့် နန်းထွန်းကို  Myaing PDF၊ တိမ်လွှာအဖွဲ့နှင့် ASTF တို့ပူးပေါင်းပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်းရှိ ပင်တောင်ရွာ၊ ဒီးတုတ်ကွင်းရွာ၊ ကုက္ကိုစုရွာမှ ပျူစောထီးများအနေဖြင့် စစ်ကောင်စီ ဒေါက်တိုင်အဖြစ်ဆက်လုပ်နေပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဆက်လက်ထိပါးစော်ကားနေပါက ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုအနေဖြင့် အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြင်ထန်စွာ သတိပေးဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။