KNU နယ်မြေအတွင်း အာဏာသိမ်းစစ်တပ် နှင့် နယ်ခြားစောင့်တပ်တို့ ပေါင်းပြီး လမ်းကြောင်း(၃)ခုကနေ ထိုးစစ်ဆင်ရန် ဝင်လာနေ

KNU နယ်မြေအတွင်း အာဏာသိမ်းစစ်တပ် နှင့် နယ်ခြားစောင့်တပ်တို့ ပေါင်းပြီး လမ်းကြောင်း(၃)ခုကနေ ထိုးစစ်ဆင်ရန် ဝင်လာနေ
သြဂုတ် 24, 2021 | နိုင်ငံရေး

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း လမ်းကြောင်း (၃) ခုဖြင့် ဝင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့တို့က ဒေသတွင်းမှ ဘုန်းကြီးကျောင်းများနှင့် ကျောင်းများအနီး၌ စခန်းချနေပြီး နယ်မြေကျော်လာပါက KNU နှင့် တိုက်ပွဲဖြစ်မည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်အတွင်းသို့  အာဏာသိမ်းစစ်တပ်က ကော့ကရိတ်-ကမိုင်ကုန်းလမ်းကြောင်းအတိုင်း BGF (1017) ဗိုလ်ဒီးဒီ ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍ လည်းကောင်း၊  ကျုံဒိုး-ထီးဟူသံ လမ်းကြောင်းအတိုင်း BGF(1020) ဗိုလ်ဘီလူး ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍လည်းကောင်း၊ ကျိုက်ဒုံ - ကွင်းကလေး လမ်းကြောင်းအတိုင်း

BGF(1023) ဗိုလ်ဒေါဒေါ ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍လည်းကောင်း ဝင်လာကြပြီး လက်ရှိတွင် ဒေသအသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် ကျောင်းများအနီးတွင် တပ်စွဲထားကြသည်ဟု ဒူးပလာယာခရိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် BGF ပူးပေါင်းအဖွဲ့များက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ CDM များ၊ Gz များကို ရှာဖွေရှင်းလင်းမည်ဟု သတင်းရထားကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အနေဖြင့် တားမြစ်နယ်မြေကို လုံးဝ သွားလာခွင့်ပြုမည် မဟုတ်သည့်အတွက် နယ်မြေကျော်လာပါက တိုက်ပွဲများ ဖြစ်လာမည်ဟု ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

 

ဆက်စပ်သတင်း