နိုင်ငံ့အာဏာသိမ်းယူထားမှုကို ဆန့်ကျင်သည့် အနေဖြင့် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ ဆရာ ဆရာမများက  ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်

နိုင်ငံ့အာဏာသိမ်းယူထားမှုကို ဆန့်ကျင်သည့် အနေဖြင့် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ ဆရာ ဆရာမများက  ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး

နိုင်ငံတော်အာဏာအား မြန်မာ့တပ်မတော်မှ သိမ်းယူထားမှုကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်လုံးဆိုင်ရာ ဆရာ ဆရာမများက  ဖဲကြိုးနီ ကမ်ပိန်းအဖြစ် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်မှ  အာဏာသိမ်းသည့် (၅)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက အခြေခံပညာမှ မိုးကုတ်မြို့နယ်လုံးဆိုင်ရာ ဆရာ ဆရာမများက ယခုလို ပါဝင်လာကြခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများအနေဖြင့် စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် လုပ်ဆောင်မှုများအား ပထမဆုံးအနေဖြင့် ကျန်းမာရေးးဝန်ထမ်းများက စတင်ခဲ့ပြီးနောက် ဒုတိယ အနေဖြင့် ပညာရေးဝန်ထမ်းများကပါ ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

Tachileik News Agency

ဓါတ်ပုံ -  ဆရာမင်းသန့်