အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရသည့်  သတင်းသမားများအတွက် အာမခံရရှိရေး အကူအညီလိုအပ်ပါက ERA Myanmar က ကူညီမည်

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရသည့်  သတင်းသမားများအတွက် အာမခံရရှိရေး အကူအညီလိုအပ်ပါက ERA Myanmar က ကူညီမည်
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံရေး

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်လက်မခံသည့် နိုင်ငံတစ်ဝန်းမှ ဆန္ဒဖော်ထုတ်ပွဲလှုပ်ရှားမှုများတွင် သတင်းရယူနေသည့် သတင်းသမားများကိုပါ ဖမ်းဆီးမှုများလုပ်နေရာ ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်စေရန် အာမခံရရှိရေးနှင့် အာမခံကြေးကို ERA Myanmar က ကူညီမည်ဟု သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်ဖြစ်စဉ်များကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုများ လုပ်ဆောင်လာသည့်အပြင် ဖြစ်စဉ်ကို သတင်းရယူတင်ဆက်နေသည့် သတင်းသမားများကို ဖမ်းဆီးခြင်းများကိုလည်း လုပ်ဆောင်နေရာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့အထိ ဖမ်းဆီးခေါ်ဆောင်ခံရသည့် သတင်းသမား (၂၀) ဝန်းကျင်ရှိနေပြီး အချို့မှာ ပြန်လည်လွတ်‌မြောက်လာသော်လည်း အချို့မှာ မည်သည့်နေရာတွင် ထိန်းသိမ်းခံရသည်ကို အတည်ပြု၍မရသေးကြောင်း သိရသည်။

သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရပါက အာမခံရရှိရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိလိုပါက ဖုန်း 09793107910 နှင့် 09796265501 ကို ဆက်သွယ်၍သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက သတင်းဌာနများ၏ လွတ်လပ်စွာသတင်းထုတ်လုပ်ခွင့်ကို ကန့်သတ်မှုများလုပ်ဆောင်လာသည့်အပြင် သတင်းရယူနေသည့် သတင်းသမားများအား ဖမ်းဆီးခြင်းကိုလည်း လုပ်ဆောင်လာခြင်းဖြစ်သည်။