မင်းတပ်ခရိုင် မကွီအိမ်နူးမှ အာဏာသိမ်းစစ်ကောင်စီ၏တပ်မှ အင်အား ၂၀ ကျော် PDF ထံ လက်နက်ချကြောင်း သတင်းထုတ်ပြန်

မင်းတပ်ခရိုင် မကွီအိမ်နူးမှ အာဏာသိမ်းစစ်ကောင်စီ၏တပ်မှ အင်အား ၂၀ ကျော် PDF ထံ လက်နက်ချကြောင်း သတင်းထုတ်ပြန်
By Tachileik News Agency

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အခြေပြု အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ မကွီအိမ်နူး စစ်တပ်စခန်းမှ ဗိုလ်ကြီးသိန်းထိုက်၏ ဦးဆောင်မှုနှင့်အတူ တပ်သားများနှင့်စခန်းအရာရှိ (၂၀) ကျော်တို့က ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ဒေသခံ PDF ထံ စစ်လက်နက်အပြည့်အစုံဖြင့် လက်နက်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက သတင်းထုတ်ပြန်သည်။



 "ကျွန်ုပ်တို့အနေဖြင့် ရဲရင့်သော ရဲဘော်ရဲဘက်များနှင့် စစ်သားများသည် မင်းအောင်လှိုင်နှင့် ရှုံးနိမ့်နေပြီဖြစ်သော သူ၏စစ်တပ်များလက်အောက်တွင် ကျွန်ခံနေခြင်းမှ ထွက်လာပြီး သူတို့၏ ရဲဘော်ရဲဘက်များနှင့်အတူပူးပေါင်းကာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုများအတွက် နိုင်ငံ့သူရဲကောင်းများ ဖြစ်လာစေရန် မျှော်လင့်လျက်ဆုတောင်းနေပါသည်။ကျွန်ုပ်တို့အားလုံးအတူတကွ အနိုင်ရရှိရမည်။"

ဟု ဒေါက်တာဆာဆာ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။



မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တွဲထားသည့် ရဲကင်းစခန်းတစ်ခုကို ဇူလိုင်လ (၂၄) ရက်နေ့က ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ CDF(မင်းတပ်)က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ခဲယမ်းပစ္စည်းများစွာရရှိထားသည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။