UWSA ၏နယ်မြေ 'ဝ'ပြည် ပန်ခမ်းတွင် နှစ်ရက်အတွင်း လူဦးရေ ၂၇,၀၀၀ ကျော်ကို COVID စစ်ဆေးရာ ပိုးတွေ့သူ မရှိ

Photo: WSTV
Photo: WSTV
UWSA ၏နယ်မြေ 'ဝ'ပြည် ပန်ခမ်းတွင် နှစ်ရက်အတွင်း လူဦးရေ ၂၇,၀၀၀ ကျော်ကို COVID စစ်ဆေးရာ ပိုးတွေ့သူ မရှိ
သြဂုတ် 20, 2021 | Covid-19

UWSA ၏နယ်မြေ ဝ ပြည် ပန်ခမ်းတွင် ဒုတိယအကြိမ်အဖြစ် မြို့လုံးကျွတ် အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို ပန်ခမ်းမြို့ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက လုပ်ဆောင်နေရာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၈) ရက်နှင့် (၁၉) ရက်နေ့ နှစ်ရက်တာအတွင်း လူဦးရေ (၂၇၉၉၆) ဦးအား စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း သိရသည်။

ပန်ခမ်းမြို့ကိုလည်း ဩဂုတ်လ (၁၈) ရက်နေ့မှစ၍ lockdown ချကာ နေထိုင်သူအားလုံးအား အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို အခမဲ့လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး ဩဂုတ်လ (၂၂) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် ဝ ပြည်အတွင်းရှိ ဒေသအားလုံးတွင် COVID 19 ကာကွယ်ရေးအတွက် ပြင်ပမှအဝင်အထွက်ကန့်သတ်ထားကာ ဒေသတွင်းနေထိုင်သူအားလုံးကို အာခေါင်တို့ဖတ်စစ်ဆေးခြင်းအား အခမဲ့ပြုလုပ်ပေးနေကြောင်း သိရသည်။