တာချီလိတ်တွင် အသွားအလာကန့်သတ်ထားသည့် လေကြောင်းခရီးသည် (၂) ဦး၌ COVID 19 ပိုးတွေ့

တာချီလိတ်မြို့မှ ဆေးရုံဆင်းခွင့်ရ ကိုဗစ်အတည်ပြုလူနာတစ်ဦး
တာချီလိတ်မြို့မှ ဆေးရုံဆင်းခွင့်ရ ကိုဗစ်အတည်ပြုလူနာတစ်ဦး
တာချီလိတ်တွင် အသွားအလာကန့်သတ်ထားသည့် လေကြောင်းခရီးသည် (၂) ဦး၌ COVID 19 ပိုးတွေ့
ဇန်နဝါရီ 28, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့်လာ၍ ဟိုတယ် quararntine ထားပြီး စစ်ဆေးရာမှ ခရီးသည် (၂)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးဖြင့်လာသည့် ခရီးသည် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 လေကြောင်းခရီးဖြင့်ဝင်ရောက်လာသူများအား ဟိုတယ် quarantine သို့မဟုတ် facility quarantine ထားရှိပြီး (၇) ရက်မြောက်နေ့တွင် RDT ဖြင့် စစ်ဆေးပေးနေရာ (၂) ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့အထိ အတည်ပြုလူနာ (၁၁၂)ဦးတွေ့ရသည့်အနက် ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာ (၂)ဦးသာ ကုသမှုခံယူရန်ရှိမည်ဖြစ်ပြီး ကျန်လူနာအားလုံး ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။

Tachileik News Agency

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။