RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေးဆောင်ရွက်

RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေးဆောင်ရွက်
ဧပြီ 26, 2020
By Tachileik News Agency
RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေးဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ဇီးပင်ကြီးကျေးရွာတွင် RCSS/SSA က COVID 19 ကာကွယ်ရေး အသိပညာပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့၌ ဆောင်ရွက်ပြီး စုစုပေါင်း ကျေးရွာ (၁၀၀)ကျော်တွင် ပညာပေးဆောင်ရွက်ထားသည်ဟု ဆိုသည်။

Covid-19  နဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ကာကွယ်ဖို့ အသိပညာပေးပါတယ်။ RCSS/SSA တပ်မှာရှိတဲ့  ဆေးဝါးတွေနဲ့ပဲ လိုက်ပြီး ကုသမှုပေးတာဆိုတော့ ဆေးဝါးမလောက်ငှတဲ့ အခက်အခဲတော့ရှိပါတယ်။  ကျောက်မဲကစေတနာရှင်တွေကလည်း စားနပ်ရိက္ခာတွေ လှူဒါန်းကြပါတယ်

ဟု RCSS/ SSA ၏ ကျောက်မဲဆက်ဆံရေးရုံး တာဝန်ခံ မနန်းမိုးမိုးစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

RCSS/SSA အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက ဇီးပင်ကြီးကျေးရွာမှ အိမ်ထောင်စု (၂၈၅) စုကို ကျန်းမာရေးစစ်ဆေးပေးသည့်အပြင် စားနပ်ရိက္ခာလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

Covid-19 ရောဂါကြောင့် ရွာကနေ အဝင်/အထွက်မလုပ်ရဘဲ ကျွန်မတို့က ရွာမှာပဲ နေရတာဆိုတော့ အခုလို ရွာအထိ လာပြီးစောင့်ရှောက်ပေးတာကို ကျေးဇူးတင်ပါတယ်။ Covid ရောဂါနဲ့ ပတ်သက်လို့ လက်ကို ခဏခဏ ဆေးရမယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ် ဆိုတာမျိုး ရွာထဲကလူတွေ သိထားကြပါတယ်

 ဟု ဇီးပင်ကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

RCSS/ SSA က မတ်လဆန်းမှစ၍ ဧပြီလ (၂၆)ရက်နေ့အထိ ကာလအတွင်း ကျောက်မဲခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၁၀၀)ကျော်တွင်  COVID 19 ကာကွယ်ရေး အသိပညာပေးထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~