တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၀)ဦး တွေ့

တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၀)ဦး တွေ့
သြဂုတ် 19, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၀)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

တာလေမြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နံနက်က စစ်ဆေးချက်များအရ (၁၀)ဦးတိုးသည့်အတွက် စုစုပေါင်း (၂၃)ဦးအထိ ရှိနေကြောင်း သိရသည်။

အသစ်ထပ်တိုးတွေ့ရှိရသူများမှာ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၅)ဦးတို့ဖြစ်ပြီး အားလုံးမှာ တာချီလိတ်မြို့ကနေ ပြန်လာသူများဖြစ်၍ home quarantine ထားပြီး စစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်က ပြန်လာသူကို HQ(home quarantine) ထားလိုက်တာ၊ (၁၁)ဦး စစ်ဆေးတာမှာ (၁၀)ဦး ပိုးတွေ့တာ ရန်အောင်ကျေးရွာက"ဟု တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က စတင်လာရာ ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၃)ဦးအထိ ရှိနေခြင်း ဖြစ်ကြောင်း နှင့် လက်ရှိတွင် ကုသမှုခံယူနေသူမှာ (၁၇)ဦးဝန်းကျင်ရှိကြောင်းလည်း သိရသည်။

တာလေမြို့နေ ပြည်သူများအနေဖြင့် Covid-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာများ၏ တားမြစ်ချက်များ၊ Covid-19 ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

 

#TachileikNewsAgency