တာချီလိတ်မြို့တွင် Covid-19 ပိုးကူးစက်ခံရသူ (၈၂)ဦး ထပ်တိုး၊ အွန်လိုင်းဂိမ်းမှ (၂၀)ကျော် ပါဝင်

တာချီလိတ်မြို့တွင် Covid-19 ပိုးကူးစက်ခံရသူ (၈၂)ဦး ထပ်တိုး၊ အွန်လိုင်းဂိမ်းမှ (၂၀)ကျော် ပါဝင်
ဇူလိုင် 26, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့၏ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံရသူ (၈၂)ဦး ထပ်တိုးတွေ့ရှိရာ 88 Online Game မှ ကူးစက်ခံထားရသူ အနည်းဆုံး(၂၀)အထက်ပါဝင်ကြောင်း သိရသည်။

ယနေ့ Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသူ (၈၂)ဦးတွင် အမျိုးသား(၃၉)ဦး နှင့် အမျိုးသမီး (၄၃)ဦးပါဝင်ပြီး Online Game များမှ အပါအဝင် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ နှင့် မိသားစုဝင်များကို Home Quarantine ထားပြီး စစ်ဆေးရာက ပိုးတွေ့သည့် မိသားစု အနည်းဆုံး (၄)စုအထိရှိနေကြောင်းလည်း သိရသည်။

ယနေ့ ပိုးတွေ့ရသူများတွင် အသက်ကြီးဆုံးအနေဖြင့် အသက်(၆၈)နှစ်အရွယ် နှင့် အသက်အငယ်ဆုံးအနေဖြင့် အသက်(၃)နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ ညနေပိုင်းအချိန်အထိ Covid-19 ကူးစက်ခံရသူ (၁,၀၆၀)ကျော်အထိ ရှိလာနေပြီး ကုသဆောင်ကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၅၀၀)မှ (၆၀၀)အကြားရှိသည်ဟုသာ သိထားရပြီး သေဆုံးသူမှာ (၆)ဦးအထိ ရှိလာနေသည်။