တာလေမြို့တွင် မိုင်းဆတ်မှပြန်လာသူထံက ပထမဆုံးအဖြစ် Covid-19 ပိုးတွေ့ 

တာလေမြို့တွင် မိုင်းဆတ်မှပြန်လာသူထံက ပထမဆုံးအဖြစ် Covid-19 ပိုးတွေ့ 
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့ နားယောင်းကျေးရွာမှ အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၌ စစ်ဆေးတွေ့ရသဖြင့် တာလေမြို့တွင် တတိယလှိုင်းအတွင်း ပထမဆုံး အတည်ပြုလူနာ စတင်တွေ့ရှိလာခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားမှာ မိုင်းဆတ်မြို့မှ ပြန်လာသူဖြစ်၍ နေအိမ်၌ အသွားအလာ ကန့်သတ်ထားသူတစ်ဦးဖြစ်ပြီး ကျန်းမာရေးက ယနေ့ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အတည်ပြုလူနာ၏ ခရီးသွားရာဇဝင်ကို မေးမြန်းနေဆဲဖြစ်ပြီး ထိတွေ့သူများကို ရှာဖွေရန် စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့မှာ အတည်ပြုလူနာ (၈၅၀) ကျော်ဖြင့် Stay at Home ကြေညာထားပြီး ကျန်(၂)မြို့အနက် တာလေမြို့တွင် ပထမဆုံးလူနာစတွေ့လာရကာ ကျိုင်းလပ်မြို့၌ အတည်ပြုလူနာ မတွေ့ရသေးကြောင်း သိရသည်။