လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေရသည့် ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် သြဂုတ်လ(၂၆-၂၇) နေ့ပိုင်း လျှပ်စစ်မီး (၂)ရက်တိတိ ဖြတ်တောက်မည်

လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေရသည့် ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် သြဂုတ်လ(၂၆-၂၇) နေ့ပိုင်း လျှပ်စစ်မီး (၂)ရက်တိတိ ဖြတ်တောက်မည်
သွဂုတျ 24, 2019
By Tachileik News Agency

မြန်မာ - လာအို နယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှ တာလေမြို့သို့ သွားရာလမ်းတစ်လျှောက်တွင် လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းမည်ဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၂၇)ရက်နေ့အထိ နေ့ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေရသည့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့၏ လမ်းတစ်လျှောက်ရှိ ဓါတ်မီးတိုင်များ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းစဉ် လျှပ်စစ်မီးအန္တရာယ်မဖြစ်ပေါ်ရေးအတွက် သတ်မှတ်ရက်၏ နံနက်(၈)နာရီခွဲမှ ညနေ(၄)နာရီခွဲအချိန်အထိ နေ့ပိုင်း နှစ်ရက်တိုင်တိုင် လျှပ်စစ်မီး ဖြတ်တောက်ထားမည်ဖြစ်သည်။

နယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေသည့် မြို့ဖြစ်ပြီး၊ ကျိုင်းလပ် နှင့် တာလေမြို့တို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူကာ သုံးစွဲနေရခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအို နယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှ တာလမြေို့သို့ သွားရာလမ်းတစ်လျှောက်တွင် လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းမည်ဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၂၇)ရက်နေ့အထိ နေ့ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေရသည့် ကျိုင်းလပ်မြို့ နှင့် တာလမြေို့တို့၏ လမ်းတစ်လျှောက်ရှိ ဓာတ်မီးတိုင်များ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းစဉ် လျှပ်စစ်မီးအန္တရာယ်မဖြစ်ပေါ်ရေးအတွက် သတ်မှတ်ရက်၏ နံနက်(၈)နာရီခွဲမှ ညနေ(၄)နာရီခွဲအချိန်အထိ နေ့ပိုင်း နှစ်ရက်တိုင်တိုင် လျှပ်စစ်မီး ဖြတ်တောက်ထားမည်ဖြစ်သည်။

နယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေသည့် မြို့ဖြစ်ပြီး၊ ကျိုင်းလပ် နှင့် တာလမြေို့တို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူကာ သုံးစွဲနေရခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net