တာလီဘန်တို့ သိမ်းပိုက်ထားသည့် အာဖဂန်တွင် ပိတ်မိနေသူများကို  ကယ်ဆယ်နိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ ထပ်မံ ထွက်ခွာ

Photo: Department of Defense
Photo: Department of Defense
တာလီဘန်တို့ သိမ်းပိုက်ထားသည့် အာဖဂန်တွင် ပိတ်မိနေသူများကို  ကယ်ဆယ်နိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ ထပ်မံ ထွက်ခွာ
သြဂုတ် 19, 2021 | နိုင်ငံတကာသတင်း

အာဖဂန်မှ ကယ်ထုတ်ပေးရန် ကျန်ရှိသူအားလုံးကို ကူညီပေးရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံထွက်ခွာသွားကြောင်း သိရသည်။

ကယ်ထုတ်ရမည့်သူအားလုံးနှင့် ကူညီကယ်ထုတ်ပေးနေသူအားလုံး လုံခြုံဘေးကင်းရေး၊ လေဆိပ်လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် ကဘူးလ်မှ လူများကို ကယ်ထုတ်သည့်လေယာဉ်အစီးရေ များများပျံသန်းနိုင်ရေး အချက် (၃) ချက်ကို ဦးစားပေးလုပ်ဆောင်နေသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

အမေရိကန်က ကဘူးလ်မှ သံတမန်များ၊ အမေရိကန်နိုင်ငံသားများနှင့် တာလီဘန်လက်အောက်တွင် အန္တရာယ်ရှိ၍ ကယ်ထုတ်သင့်သည့် အာဖဂန်များကို ကယ်ထုတ်ပေးရန် ၎င်း၏တပ်ဖွဲ့ဝင်များဖြင့် ကဘူးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိန်းချုပ်ထားပြီး ကယ်ဆယ်ရေးလေယာဉ်များဖြင့် ကယ်ထုတ်ပေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့များအနေဖြင့် အရေးပေါ်ကယ်ထုတ်ပေးရမည့်သူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပြီးသည်နှင့် အာဖဂန်မှထွက်ခွာမည်ဖြစ်ပြီး နိုင်ငံအတွက် ကာကွယ်ရန်ဆန္ဒမရှိသည့် သမ္မတနှင့် စစ်တပ်ရှိနေသည့်နိုင်ငံအတွက် မိမိတို့နိုင်ငံမှ တပ်ဖွဲ့ဝင်များကို အသေခံခိုင်းရန်မရှိကြောင်း အမေရိကန်သမ္မတက ပြောကြားထားသည်။

တာလီဘန်တို့က မြို့တော်ကဘူးလ်အား ဝင်မသိမ်းမီမှာပင် အာဖဂန်သမ္မတနှင့်အစိုးရအဖွဲ့က ရှောင်တိမ်းသွားကြပြီး အာဖဂန်စစ်တပ်ကလည်း ဥဘက်ကစ္စတန်သို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားကြ၍ တာလီဘန်လက်အောက်ရောက်သွားသည့် အာဖဂန်ပြည်သူများက နိုင်ငံတွင်းမှ ထွက်ပြေးနိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

Photo: Department of Defense