အာဖဂန်စစ်တပ်မှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တာလီဘန်ရန်ကြောင့် ဥဘက်ကစ္စတန်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်

Photo: AFP
Photo: AFP
အာဖဂန်စစ်တပ်မှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တာလီဘန်ရန်ကြောင့် ဥဘက်ကစ္စတန်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်
သြဂုတ် 16, 2021 | နိုင်ငံတကာသတင်း

အာဖဂန်စစ်တပ်မှ တပ်ဖွဲ့ဝင်ရာပေါင်းများစွာသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဥဘက်ကစ္စတန်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စစ်တပ်သုံးလေယာဉ် (၂၂) စီး၊ ရဟတ်ယာဉ် (၂၄) စီးဖြင့် ရာပေါင်းများစွာသော တပ်ဖွဲ့ဝင်များက ဥဘက်ကစ္စတန်မှ တိုက်လေယာဉ်အစောင့်အရှောက်ဖြင့် တိမ်းရှောင်သွားခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ထွက်ပြေးသွားစဉ် အာဖဂန်စစ်တပ်သုံးဂျက်လေယာဉ်တစ်စီးမှာ နယ်စပ်ဖြတ်ချိန်တွင် ပစ်ချခံခဲ့ရကြောင်း ဥဘက်ကစ္စတန်ကာကွယ်ရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောကြားသည်ဟု သိရသည်။

ဥဘက်ကစ္စတန်သို့ အာဖဂန်တပ်ဖွဲ့တွင် (၅၈၅) ဦးသည် လေတပ်ဖြင့်ရောက်လာကြပြီး တပ်ဖွဲ့ဝင် (၁၅၈) ဦးကျော်က နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည်ဟု သိရသည်။

တာလီဘန်များသည် အာဖဂန်နစ္စတန်နိုင်ငံ၏  ပြည်နယ် (၃၄)ခုကို (၉)ရက်အတွင်း သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်သမ္မတ Ashraf Ghani လည်း သွေးမြေအကျနည်းရန်ဟုဆိုကာ ၎င်းနှင့်အတူ ဝန်ကြီးအဖွဲ့ နိုင်ငံကနေ ထွက်ခွာသွားကြသလို စစ်တပ်ကလည်း ထွက်ခွာသွားကြခြင်း ဖြစ်သည်။

 အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်သူများကလည်း နိုင်ငံကနေ ထွက်ခွာဖို့ လေဆိပ်တွင် ကြိုးပမ်းနေကြစဉ် သေဆုံးသည်များလည်းရှိနေကြောင်း သိရသည်။

 

#TachileikNewsAgency

Source: The Guardian

Photo: AFP