တာချီလိတ်မြို့တွင် Covid-19 နှင့်အတူ ရောဂါအခံကြောင့် ဩဂုတ်လ(၁၇)ရက်နေ့၏ တစ်နေ့တာအတွင်း (၅)ဦး ထပ်မံ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 နှင့်အတူ ရောဂါအခံကြောင့် ဩဂုတ်လ(၁၇)ရက်နေ့၏ တစ်နေ့တာအတွင်း (၅)ဦး ထပ်မံ သေဆုံး
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသနေသူများထဲက (၅)ဦးသည် ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့ တစ်နေ့တည်းတွင် ထပ်မံ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသွားသူ ( ၅ )ဦးမှာ အမျိုးသမီး (၄)ဦး နှင့် အမျိုးသား(၁)ဦးတို့ ဖြစ်ပြီး အသက်(၄၂)နှစ်အရွယ်မှ အသက်(၆၃)နှစ်အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

သေဆုံးသွားကြသူများမှာ မကာဟိုခမ်းရပ်ကွက်မှ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ အသက်(၅၀)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဝမ်ကောင်းရပ်ကွက်မှ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး၊ ဆန်ဆိုင်းရပ်ကွက်မှ အသက်(၄၂)နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)မှ အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။

ဩဂုတ်လ(၁၆)ရက်နေ့၏ တစ်နေ့တာ အတွင်းကလည်း အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂) စုစုပေါင်း (၅)ဦး သေဆုံးခဲ့ပြီး ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့တွင်လည်း သေဆုံးသည့် (၅)ဦး အပါအဝင် စုစုပေါင်း (၂)ရက်အတွင်း (၁၀)ဦး သေဆုံးသည်။



 

သေဆုံးသွားကြသူများမှာ Covid-19 ကူးစက်ခံရပြီး ရောဂါအခံများကြောင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသွားကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် (၄)ရက်အတွင်း သေဆုံးသူ (၂၀)ဦးရှိပြီး ၎င်းတို့တွင် Covid-19 ပိုးရှိ မရှိ မစစ်ဆေး 

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသမှု ခံယူနေစဉ် ဆေးရုံကြီးတွင် သေဆုံးသွားသူမှာ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ ရက်ပေါင်း (၃၁)ရက်အတွင်း အနည်းဆုံး (၄၀)ဦးအထက် ရှိနေပြီး နေအိမ်များတွင် မိမိအစီအစဉ်ဖြင့် ဆေးဝါးကုသပြီး သေဆုံးသွားသည့်အခါ Covid-19 ရှိ မရှိ မစစ်ဆေးပဲ သင်္ဂြိုလ်သည်မှာလည်း (၇)ရက်အတွင်း (၃၀)ဝန်းကျင် အထိ ရှိနေသည်။