တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၇)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၅၉)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၇)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၅၉)ဦး ထပ်တိုး
ဇူလိုင် 27, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၇)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၅၉)ဦး ထပ်တိုး၍ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ (၅၉)ဦးတွင်  အမျိုးသား (၂၄)ဦး နှင့် အမျိုးသမီး (၃၅)ဦး ပါဝင်သည့် အတွက် ဇွန်လ(၂၈)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁,၁၀၀)ကျော်အထိ ရှိနေရာတွင် စောင့်ကြည့်ဆောင်များကနေ ဆင်းခွင့်ရရှိသွားသူများမှာ (၄၀၀)မှ (၅၀၀)အကြားရှိသည်ဟုသာ သိထားရပြီး  သေဆုံးသူမှာ (၆)ဦးအထိ ရှိနေကြောင်း သိရသည်။