မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူသို့ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)နေ့အတွင်း သွားရောက်ခဲ့သူများ နီးစပ်ရာ ကျန်းမာရေးသို့ အမြန်းဆုံး ဆက်သွယ်ရန် လိုအပ်

မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူသို့ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)နေ့အတွင်း သွားရောက်ခဲ့သူများ နီးစပ်ရာ ကျန်းမာရေးသို့ အမြန်းဆုံး ဆက်သွယ်ရန် လိုအပ်
နိုဝင်ဘာ 30, 2020
By Tachileik News Agency

 

မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူသို့ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)နေ့အတွင်း သွားရောက်ခဲ့သူများ နီးစပ်ရာ ကျန်းမာရေးသို့ အမြန်းဆုံး ဆက်သွယ်ရန် လိုအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း၌ မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူ သို့ တာချီလိတ်မှ သွားခဲ့သူတစ်ဦးတွင် Covid-19 တွေ့ရှိကြောင်း  စစ်ဆေးတွေ့ရှိထားသဖြင့် အဆိုပါနေရာသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ နိုဝင်ဘာလ (၂၈)ရက်နေ့အတွင်း သွားရောက်ခဲ့သူများ နီးစပ်ရာကျန်းမာရေးဌာနထံ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထားသည်။
မိုင်းကျက်ဂူသို့ သွားရောက်ခဲ့သည့် တာချီလိတ်မှ အမျိုးသားတစ်ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၃၀) ရက်နေ့၌ စစ်ဆေးတွေ့ရခြင်းဖြစ်သည်။
အတည်ပြုလူနှင့် ထိတွေ့မှုရှိသူများ ရောဂါကူးစက်ခံထားရပါက အခြားသူများထံ ထပ်မံ၍ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်နှင့် ကုသမှုအမြန်ဆုံးခံယူနိုင်ရန်အတွက် COVID 19 စစ်ဆေးမှုကို အမြန်ဆုံး ခံယူကြရန် လိုအပ်သည်ဟု ကျန်းမာရေးဦးစီးဌာနက သတိပေးထားသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~