တာချီလိတ် Quarantine၌ ထားရှိသည့် ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ (၆၄)ဦးတွင် Covid 19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရ၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

တာချီလိတ် Quarantine၌ ထားရှိသည့် ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ (၆၄)ဦးတွင် Covid 19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရ၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု
ဇွန် 17, 2020
By Tachileik News Agency
တာချီလိတ် Quarantine၌ ထားရှိသည့် ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ (၆၄)ဦးတွင် Covid 19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရ၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center တွင် quarantine ဝင်နေသူ (၁၈၆) ဦးအနက် COVID 19 ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားသည့် (၆၄)ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် နေရပ်အသီးသီးသို့ ပြန်ပို့ထားပြီဖြစ်သည်။

နေရပ်ပြန်များကို ကျိုင်းတုံအထိ ပို့ဆောင်မည့် မော်တော်ယာဉ် (၁)စီးနှင့် တောင်ကြီးအထိပို့ဆောင်မည့် မော်တော်ယာဉ် (၂)စီးတို့ဖြင့် လိုက်ပါပို့ဆောင်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ဇွန်လ (၉)ရက်နေ့က လက်ခံထားသည့် ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ  ကျောင်းပိတ်၍ ပြန်လာသည့် ကျောင်းသားကျောင်းသူ (၁၉)ဦး၊ ပြည်တော်ပြန် (၃၂)ဦးနှင့်  အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လွှဲလာသူ (၁၃)ဦး စုစုပေါင်း (၆၄)ဦးကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ အသွားအလာကန့်သတ်ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးထားရာ ဇွန်လ (၁၇)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

Covid-19 ပိုးမတွေ့၍ နေရပ်ပြန်ခွင့်ပြုလိုက်သူများကို ကျန်းမာရေးဌာနက ထောက်ခံစာများကို တစ်ပါတည်းထုတ်ပေးလိုက်သည်။

ဆက်လက်၍ ဇွန်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ (၁၉) ဦးနှင့် မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ခွင့်ရသူ ပြည်တော်ပြန် (၁၀၄) ဦး စုစုပေါင်း (၁၂၃)ဦးတို့၏ ဓာတ်ခွဲနမူနာများကိုလည်း ဇွန်လ (၁၆)ရက်နေ့က ရယူစစ်ဆေးထားခြင်းဖြစ်သည့်အတွက်  မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center  ၎င်းတို့အား စောင့်ရှောက်ထားရှိသည်။

တာချီလိတ်တွင် ထိုင်းနှင့်လာအိုဘက်မှ ပြန်တော်ပြန်များအပြင် ထိုင်းနိုင်ငံဘက်၌ တရားမဝင်နေထိုင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ပြန်လည်လွှဲပြောင်းလာသူများကို အသွားအလာ ယာယီကန့်သတ်၍ COVID 19 စစ်ဆေးပြီးမှ နေရပ်အသီးသီးပြန်လွှတ်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စောခေါင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~