ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၅၆)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၅၆)ဦး ထပ်တိုး
သြဂုတ် 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၁၆)ရက်နေ့၏ တစ်နေ့စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၆)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးသည့် (၅၆)ဦးတွင် ရပ်ကွက်(၁)အတွင်း ရဲစခန်းတွင်းမှ(၅)ဦး အပါအဝင် (၈)ဦး၊ ရပ်ကွက်(၂)မှ  (၁၉)ဦး၊ ရပ်ကွက်(၃)မှ (၄)ဦး၊ ရပ်ကွက်(၄)မှ (၄)ဦး နှင့် ရပ်ကွက်(၅)မှ (၃)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ကတ်ထိုက်ကျေးရွာအုပ်စုမှ (၁)ဦး နောင်ကုန်ကျေးရွာအုပ်စုမှ (၄)ဦး၊ ပန်ကူကျေးရွာအုပ်စုမှ (၁)ဦး နှင့် စစ်ဆေးရုံမှ (၁၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။



ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၆၈၅)ဦးအထိရှိနေပြီး သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၂၉၉)ဦးအထိရှိနေကာ သေဆုံးသူမှာ (၇)ဦးအထိရှိသွားပြီး ဆေးဝါးကုသမှု ခံယူနေသူ နှင့် Covid-19 သီးသန့်စောင့်ကြည့်စင်တာများတွင် ကျန်ရှိနေသူမှာ (၃၇၉)ဦး ရှိကြောင်း သိရသည်။