ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ သေဆုံးသူ (၇)ဦးမြောက်အဖြစ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံး

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ သေဆုံးသူ (၇)ဦးမြောက်အဖြစ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံး
သြဂုတ် 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွား၍ ကျိုင်းတုံမြို့တွင် သေဆုံးသူ (၇)ဦးအထိ ရှိလာနေကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက်(၇၄)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရဲစခန်းဝင်းအတွင်း နေထိုင်သူဖြစ်ကြောင်း နှင့်  ၎င်းသည် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်(၁၆)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၁၅)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၂)ဦးအထိ တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၁၆)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၆၄၀)ဦးအထိရှိခဲ့ပြီး Covid-19 စောင့်ကြည့်စင်တာကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၂၈၀)ကျော်ရှိကာ ယနေ့ ဩဂုတ်လ(၁၆)ရက်နေ့အထိ သေဆုံးသူမှာ (၇)ဦးအထိ ရှိနေကြောင်း သိရသည်။