တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ အမျိုးသမီး(၂)ဦး ထပ်မံသေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ အမျိုးသမီး(၂)ဦး ထပ်မံသေဆုံး
သြဂုတ် 15, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီး(၂)ဦး ထပ်မံ သေဆုံးသွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီးသို့ နေ့လည်ပိုင်းက ရောက်ရှိလာပြီးနောက် ည(၁၁)နာရီ(၂၅)မိနစ်အချိန်က  သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာတွင် နေထိုင်သူ အသက်(၆၃)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ၎င်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ဆေးကုသရန်အတွက် ခေတ္တရောက်ရှိ နေထိုင်နေသူဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယနေ့ ဩဂုတ်လ(၁၅)ရက်နေ့  နံနက်(၇)နာရီခွဲဝန်းကျင်အချိန်ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း Covid-19 ကူးစက်ခံရပြီး ဆီချိုရောဂါအခံကြောင့် သေဆုံးသွားကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စ၍ ဩဂုတ်လ(၁၄)ရက်နေ့ ညပိုင်းအထိ သေဆုံးသူ စုစုပေါင်း (၃၅)ဦးဝန်းကျင်အထိ ရှိနေသည်။