တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော်တွင် တစ်သောင်းသုံးထောင်ကျော်က ကြိုတင်မဲပေးထား

တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော်တွင် တစ်သောင်းသုံးထောင်ကျော်က ကြိုတင်မဲပေးထား
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော်တွင် တစ်သောင်းသုံးထောင်ကျော်က ကြိုတင်မဲပေးထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ကြိုတင်မဲပေးထားသူ တစ်သောင်းသုံးထောင်ကျော်ရှိကြောင်း သိရသည်။
“ရွေးကောက်ပွဲ တာဝန်ကျသူ၊ အသက် (၆၀)အထက်နဲ့ မသန်စွမ်း စုစုပေါင်း ကြိုတင်မဲ (၁၃,၀၀၀) ကျော်ရှိပါတယ်။ ကြိုတင်မဲတွေက သက်ဆိုင်ရာမဲရုံတွေကို မနက်ကတည်းက ပို့ထားပြီးပြီ။ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သား ကြိုတင်ဆန္ဒမဲက (၉၅၈) ရှိပါတယ်။”ဟု တတာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မဲရုံပေါင်း (၇၀)တွင် မဲဆန္ဒရှင် အမျိုးသား (၆၂၈၃၈)ဦးနှင့် အမျိုးသမီး (၆၇၀၃၇)ဦး၊ မိုင်းဖြတ်မြို့နယ်အတွင်း မဲရုံပေါင်း (၃၉)ရုံတွင် မဲဆန္ဒရှင် အမျိုးသား (၁၁၄၀၉)ဦးနှင့် အမျိုးသမီး (၁၀၉၉၂)ဦး၊ မိုင်းယောင်းမြို့နယ်အတွင်း မဲရုံပေါင်း (၆၈)ရုံတွင် မဲဆန္ဒရှင် အမျိုးသား (၁၃၄၈၇)ဦးနှင့် အမျိုးသမီး (၁၃၀၆၂)ဦးတို့ ဆန္ဒမဲပေးကြမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~