တာချီလိတ်မြို့တွင်းသို့ Stay at Home သတ်မှတ်ဒေသများမှ ပြန်လာပြီး quarantine မဝင်သူများ တွေ့ပါက သတင်းပေးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ

တာချီလိတ်မြို့တွင်းသို့ Stay at Home သတ်မှတ်ဒေသများမှ ပြန်လာပြီး quarantine မဝင်သူများ တွေ့ပါက သတင်းပေးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ
အောက်တိုဘာ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်းသို့ Stay at Home သတ်မှတ်ဒေသများမှ ပြန်လာပြီး quarantine မဝင်သူများ တွေ့ပါက သတင်းပေးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း COVID-19 ရောဂါ ကာကွယ်ရေးအတွက် Stay at Home သတ်မှတ်ထားသည့် ဒေသများမှ ပြန်လာသော်လည်း quarantine မဝင်ဘဲနေသူများကို မိမိပတ်ဝန်းကျင်တွင် တွေ့ရပါက အမြန်ဆုံးသတင်းပေးပို့ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံလိုက်သည်။
"တစ်ယောက်ဆီက   COVID-19 ပိုးပါလာခဲ့မယ်ဆိုရင် အစစ်ဆေးမခံဘဲ ထွက်သွားမယ်။ အခြားတစ်နေရာကနေ ဝင်သွားမယ်ဆိုရင် မိမိအပြင် မိမိမိသားစု စကူးမယ်။ ပတ်ဝန်းကျင်ကို ကူးမယ်။ ပြီးရင်တစ်မြို့လုံးနီးပါး မသိရင်မသိသလို ကူးစက်နေမှာဖြစ်ပါတယ်။ အဓိက မြို့ဝင်ပေါက်တွေကနေ ဝင်ပေးဖို့နဲ့ ကြည်ဖြူစွာ အစစ်ဆေးခံပေးဖို့ ပြောလိုပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ပြည်သူတွေကလည်း ကြားဝင်ပေါက်တွေကနေ ဝင်လာတာရှိခဲ့ရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတွေရောက်နေပြီဆိုတာ လူမှုရေးအသင်းအဖွဲ့တွေကနေတစ်ဆင့်ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှူးတွေကနေပဲဖြစ်ဖြစ် အချိန်မီသတင်းပေးပို့ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်" ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့အတွင်း ဝင်ရောက်သည့် မြို့အဝင်နေရာ (၃) ခုတွင် စစ်ဆေးရေးအဖွဲ့များဖြင့် စောင့်ကြည့်ပြီး ခရီးသွားရာဇဝင်စိစစ်ကာ stay at home သတ်မှတ်ဒေသများမှ လာရောက်သူများအား quarantine ထားရှိကာ ဓာတ်ခွဲနမူနာစစ်ပေးနေသော်လည်း ခရီးသွားရာဇဝင် လိမ်ညာ၍ ဝင်ရောက်သူများ၊ ရှောင်ကွင်းလမ်းမှ ဝင်ရောက်သူများရှိနေခြင်းဖြစ်သည်။
မိမိတို့ပတ်ဝန်းကျင်တွင် အခြားအရပ်ဒေသများမှ ဝင်ရောက်လာသူများရှိပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဖုန်း- ၀၉ ၄၂၈၂၁၉၉၉၅၊ မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ ဖုန်း- ၀၉ ၅၂၄၁၃၄၂ တို့ကို အမြန်ဆုံးဆက်သွယ်သတင်းပေးပို့ကြရန် မေတ္တာရပ်ခံထားသည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~