တာချီလိတ်မြို့ပေါ်ရှိ ဈေးများအားလုံး ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ယာယီပိတ်မည်၊ အသီးအရွက် နှင့် အသားငါးများကို ရှမ်းရိုးမကွင်းအတွင်း ယာယီ ရောင်းချခွင့်ပြုမည်

တာချီလိတ်မြို့ပေါ်ရှိ ဈေးများအားလုံး ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ယာယီပိတ်မည်၊ အသီးအရွက် နှင့် အသားငါးများကို ရှမ်းရိုးမကွင်းအတွင်း ယာယီ ရောင်းချခွင့်ပြုမည်
ဧပြီ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ်ရှိ ဈေးများအားလုံး ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ယာယီပိတ်မည်၊ အသီးအရွက် နှင့် အသားငါးများကို ရှမ်းရိုးမကွင်းအတွင်း ယာယီ ရောင်းချခွင့်ပြုမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ မြို့ပေါ်ဈေးအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ရှမ်းရိုးမကွင်းတွင် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန်ကစပြီး မြို့ပေါ်ဈေးအားလုံး (၃)ရက် ယာယီပိတ်မယ်။ မြို့ပေါ်ဈေးတွေက ပါလျံ(၁)တို့ ပါလျံ (၃)တို့က ဟင်းသီးဟင်းရွက်တွေကို ရှမ်းရိုးမကွင်းမှာ ရောင်းချခွင့်ပြုမယ်။ ဈေးသည်တွေရော၊ ဈေးဝယ်တွေရော Mask တပ်မှ ခွင့်ပြုမယ်

ဟု မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ကောင်းမြို့မဈေး၊ ပုန်းထွန်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင့်နောင်ဈေး၊ ပါလျံ(၃)ဈေးနှင့် ပါလျံ(၁)ဈေးများမှ ဟင်းသီးဟင်းရွက်နှင့် သား၊ငါးဈေးသည်များ ရှမ်းရိုးမကွင်း သတ်မှတ်နေရာများတွင် ရောင်းချခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းချသူများနှင့် ဈေးဝယ်သူအားလုံး Mask မဖြစ်မနေတပ်ဆင်ရန်လိုအပ်ပြီး Mask မတပ်ဆင်ပါက ဈေးအတွင်း ဝင်ခွင့်မပြုကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~