တာချီလိတ် - မယ်ဆိုင် ထိုင်းဘက်အခြမ်း ချောင်းဘေးတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

တာချီလိတ် - မယ်ဆိုင် ထိုင်းဘက်အခြမ်း ချောင်းဘေးတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
ဇွန် 19, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် ထိုင်းဘက်အခြမ်း ချောင်းဘေးတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၏ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ နယ်စပ်ချောင်းကိုဖြတ်၍ စိတ်ကြွဆေးပြားသယ်လာသူကို မယ်ဆိုင်ကမ်းဘက် လှည့်ကင်းက ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ဆိုင်ချောင်းဘေးတစ်လျှောက် လှည့်ကင်းဆောင်ရွက်သည့် ထိုင်းရဲတပ်ဖွဲ့က တာချီလိတ်ဘက်မှ ချောင်းဖြတ်ကူးလာသူ တစ်ဦးကို တွေ့ရသဖြင့် စစ်ဆေးရန်တားဆီးစဉ် အိတ်ကို ပစ်ချထားခဲ့ပြီး ချောင်းကိုပြန်လည်ဖြတ်ကူးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် နေရာသည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ဝါးဆိပ်ရှေ့ မယ်ဆိုင်ဘက်ကမ်းတွင် ဖြစ်သည်။

ကျန်ခဲ့သည့် အိတ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၂)သိန်းကို စစ်ဆေးတွေ့ရသဖြင့် မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းမှာ ရေနည်းနေသဖြင့် ချောင်းတစ်လျှောက် Covid-19 ကာလအတွင်း ခိုးကူးနေသူများလည်း ရှိနေပြီး မူးယစ်ဆေးသယ်သူများကိုလည်း ထိုင်းဘက်က မကြာခဏဖမ်းမိနေခြင်းဖြစ်ကြောင်း   သိရသည်။

Tachileik News Agency
Photo : แม่สายนิวสิ,แม่สายเออีชี


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~