ကျိုင်းတုံမြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD က အပြတ်အသတ် အနိုင်ရ

ကျိုင်းတုံမြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD က အပြတ်အသတ် အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
ကျိုင်းတုံမြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD က အပြတ်အသတ် အနိုင်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့နယ်၏  လွှတ်တော်(၃)ရပ်အတွက် NLD က မဲအပြတ်အသတ်ဖြင့် USDP ကို အနိုင်ရရှိထားပြီး ခရိုင်တစ်ခုလုံးတွင် ဝင်ပြိုင်ထားရသည့် အမျိုးသားလွှတ်တော် အမှတ်(၂)အတွက် ရလဒ်ကိုတော့ မြို့နယ်(၅)မြို့နယ်မှ အမှတ်များကို ပေါင်းနေဆဲဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် NLD က (၃၅,၂၇၇)မဲ USDP က (၁၈,၄၈၉)မဲ၊ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်(၁)မှ NLD က (၁၈,၁၂၃)မဲ USDP က (၁၁,၀၀၇)မဲ၊  ဆန္ဒနယ်(၂)အတွက် NLD က (၁၇၁၆၅)မဲ USDP က ( ၇,၇၀၇ )မဲရရှိ၍ NLD ကိုယ်စားလှယ် (၃)ဦး အနိုင်ရရှိသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ကျိုင်းတုံခရိုင်တစ်ခုလုံးအနေဖြင့် USDP က ကျိုင်းတုံမြို့နယ်က လွှဲ၍ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်း စသည့် မြို့နယ် (၄)မြို့နယ်တွင် အနိုင်ရထားသော်လည်း NLD က ကျိုင်းတုံမြို့နယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထား၍ လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ ရမဲများကို ပေါင်းနေဆဲဖြစ်၍ မကြာမီတွင် တစ်ခရိုင်လုံးတွင် အနိုင်ရမည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ကြေညာနိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~