အထက(တာခ်ီလိတ္) ေက်ာင္းစာၾကည့္တုိက္အတြက္ စာအုပ္ ႏွင့္ စာအုပ္စင္မ်ား စုေပါင္းလွူဒါန္း

အထက(တာခ်ီလိတ္) ေက်ာင္းစာၾကည့္တုိက္အတြက္ စာအုပ္ ႏွင့္ စာအုပ္စင္မ်ား စုေပါင္းလွူဒါန္း
ဇူလိုင် 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ေက်ာင္းစာၾကည့္တုိက္အတြက္ စာအုပ္စင္ႏွင့္ စာအုပ္မ်ားကို တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕တို႔ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔ နံနက္က လွဴဒါန္းသည္။

ယင္းေနာက္ ေက်ာင္းအက်ိဳးေတာ္ေဆာင္ ေကာ္မတီ ဥကၠ႒ ဦးေဇာ္ျမင့္က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားၿပီးေက်ာင္းစာၾကည့္တိုက္အတြက္ စာအုပ္စာေစာင္ႏွင့္  အလွဴေငြမ်ား လွဴဒါန္းၾကရာ ေက်ာင္းစာၾကည့္တုိက္အတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠ႒၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက အလွဴေငြက်ပ္ တစ္သိန္း၊ တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း ဥကၠ႒ ဦးစံသိန္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ စာၾကည့္တိုက္ေဖာင္ေဒးရွင္း၊ ခ႐ိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနတို႔က က်ပ္ (၃၄၀,၀၀၀)ေက်ာ္ တန္ဖိုးရိွ စာအုပ္မ်ား၊ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႔က က်ပ္(၆)သိန္းေက်ာ္တန္ဖိုးရိွ စာအုပ္စင္မ်ားကို လွဴဒါန္းၾကျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ စာၾကည့္တုိက္ဖြံ႕ၿဖိဳးေရးအတြက္ တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ဆက္လက္ ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ဦးစီးအရာရွိ ေဒၚႏွင္းရည္ထံမွ သိရသည္။

Tachileik News Agency
ဓါတ္ပံု - သန္းထြန္းေအး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စင်နှင့် စာအုပ်များကို တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်က လှူဒါန်းသည်။

ယင်းနောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်နှင့် အလှူငွေများ လှူဒါန်းကြရာ ကျောင်းစာကြည့်တိုက်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အလှူငွေကျပ် တစ်သိန်း၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစံသိန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၊ တာချီလိတ်မြို့နယ် စာကြည့်တိုက်ဖောင်ဒေးရှင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ကျပ် (၃၄၀,ဝဝဝ)ကျော် တန်ဖိုးရှိ စာအုပ်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျပ်(၆)သိန်းကျော်တန်ဖိုးရှိ စာအုပ်စင်များကို လှူဒါန်းကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်ထံမှ သိရသည်။

Tachileik News Agency
ဓာတ်ပုံ - သန်းထွန်းအေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net