တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တာလေမြို့မှ (၄)ဦးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တာလေမြို့မှ (၄)ဦးတွင် Covid-19 ပိုးမတွေ့
နိုဝင်ဘာ 27, 2020
By Tachileik News Agency

တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တာလေမြို့မှ (၄)ဦးတွင် Covid-19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့်ထိတွေ့သည့် မိသားစုဝင် (၄)ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၌ RDT ဖြင့် စစ်ဆေးရာ (၄)ဦးလုံး၌ ပိုးမတွေ့ရကြောင်း အဖြေရသည်။
“သူတို့ကို ဒီနေ့စစ်လိုက်တာ Negative ဖြစ်တယ်။ သူတို့ကို Home quarantine ပဲ ဆက်ထားမယ်။ ဒုတိယအကြိမ်ကို (၁၁)ရက်မြောက်နေ့မှာ ထပ်စစ်မှာပါ”ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ မိသားစုဝင် (၄) ဦးမှာ နိုဝင်ဘာလ (၂၆)ရက်နေ့က တစ်ဆင့်ထိတေ့ွသူ (secondary contact) အဖြစ် home quarantine ထားရှိရာမှ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ၎င်းတို့နှင့်ထိတွေ့သည့် သမီးဖြစ်သူမှာ အတည်ပြုလူနာဖြစ်သွားသဖြင့် အတည်ပြုလူနာနှင့်ထိတွေ့အဖြစ်သတ်မှတ်ကာ RDT ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့က အတည်ပြုလူနာအဖြစ်တွေ့ရသည့် အမျိုးသမီးနှင့်အတူ ကျိုင်းတုံသွားခဲ့သူက အပြန်တွင် တာလေအိမ်သို့ သစ်သီးဝင်ပေးခဲ့ကြောင်း သိရသဖြင့် secondary contact အဖြစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှစ၍ အဆိုပါမိသားစု (၄)ဦးကို အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~