ရန်ကုန်မှ အတည်ပြုလူနာ(၂)ဦးထပ်တိုး၍ စုစုပေါင်း (၁၂၃)ဦးရှိလာ

ရန်ကုန်မှ အတည်ပြုလူနာ(၂)ဦးထပ်တိုး၍ စုစုပေါင်း (၁၂၃)ဦးရှိလာ
ဧပြီ 22, 2020
By Tachileik News Agency
ရန်ကုန်မှ အတည်ပြုလူနာ(၂)ဦးထပ်တိုး၍ စုစုပေါင်း (၁၂၃)ဦးရှိလာ

ရန်ကုန်တွင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ (၂)ဦးတွင် COVID-19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် ဓါတ်ခွဲအဖြေထွက်သဖြင့် အတည်ပြုလူနာစုစုပေါင်း (၁၂၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၂၂) ရက်နေ့ ညနေတွင် ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာ (၁၈၀) အဖြေကို ထုတ်ပြန်ရာတွင် အတည်ပြုလူနာ (၂)ဦး ပါဝင်လာခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်မှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးနှင့် သာကေတမြို့နယ်မှ အသက် (၂၈)နှစ်အရွယ် အမျိုးသားတို့ကို အတည်ပြုလူနာအဖြစ် ထပ်တိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်သွားသူ (၉) ဦး ရှိပြီး သေဆုံးသူ (၅)ဦးရှိခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~