ထိုင်းနိုင်ငံမှ မြန်မာမိတ်ဆွေများ၏ မြန်မာ့ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားနှင့် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေရှာဖွေရေး ပန်းချီလေလံကို အွန်လိုင်းမှ ပါဝင်နိုင်

ထိုင်းနိုင်ငံမှ မြန်မာမိတ်ဆွေများ၏ မြန်မာ့ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားနှင့် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေရှာဖွေရေး ပန်းချီလေလံကို အွန်လိုင်းမှ ပါဝင်နိုင်

မြန်မာ့ ၈၈၈၈ အရေးတော်ပုံနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူများအတွက် အောက်မေ့ခြင်း အခမ်းအနားနှင့် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေရှာဖွေရေး ပန်းချီလေလံပွဲကို ထိုင်းနိုင်ငံမှ မြန်မာ့မိတ်ဆွေအဖွဲ့အစည်းများက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် အွန်လိုင်းမှကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားနှင့် လေလံတင်ပွဲ Live ကို ထိုင်းစံတော်ချိန် ညနေ (၆) နာရီမှ (၉)နာရီခွဲအထိ (မြန်မာစံတော်ချိန် ညနေ (၆)နာရီခွဲမှ ည (၁၀)နာရီအထိ) Friends Against Dictatorship – FAD ( https://www.facebook.com/Friends-Against-Dictatorship-FAD-103156658501887 ) နှင့် ท่องทวาย Dawei Journey ( https://www.facebook.com/visitdawei) တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သံတမန်နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း Khun Kasit Piromya တို့က အဖွင့်နှုတ်ဆက်စကားပြောကြားမည်ဖြစ်ပြီး ချင်းမိုင်အနုပညာရှင်များ Network ၏ အနုပညာတင်ဆက်မှုများ၊ North Gate ၏ ဖျော်ဖြေမှုများ၊ မြန်မာမိတ်ဆွေများ၊ ထိုင်းနိုင်ငံသား Chuad Sudsanan တို့၏ တင်ဆက်မှုများအပြင် မြန်မာရုပ်ရှင်သရုပ်ဆောင် ဒေါင်းက အထူးဧည့်သည်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် လိုအပ်သည့် နေရာများအတွက် လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေအဖြစ် NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး စူစန်နာလှလှစိုးနှင့် ထိုင်းပန်းချီပညာရှင်များရေးဆွဲသည့် ပန်းချီကားများကို လေလံတင်ရောင်းချမည်ဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ကူညီလိုပါက Kasikorn12 Bank 091-8-54057-1 သို့ ထည့်သွင်းကူညီနိုင်ကြမည်ဖြစ်သည်။

မြန်မာ့ ၈၈၈၈ အရေးတော်ပုံနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူများအတွက် အောက်မေ့ခြင်း အထိမ်းအမှတ်ဖြစ်ရန်၊ လက်ရှိ နိုင်ငံရေး၊ COVID 19 အကြပ်အတည်းကြားမှ မြန်မာပြည်သူများအား အားပေးကူညီနိုင်ရန်၊ ထိုင်းနှင့်မြန်မာမိတ်ဆွေများကြား ရင်းနှီးမှုခိုင်မြဲစေရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး ရန်ပုံငွေရှာဖွေရန် အဆိုပါ Online Live 8888 Solidarity Concert ကို ထိုင်းနိုင်ငံမှ မြန်မာ့မိတ်ဆွေများဖြစ်ကြသည့်  Sudsanan၊ North Gate၊ Food Bank ၊ BEAM Foundation ၊ Metta Charity နှင့် Friends Against Dictatorship (FAD) တို့က ပူးပေါင်းစီစဉ်ကြခြင်းဖြစ်သည်။

#TachileikNewsAgency