အီရန်နိုင်ငံက မိုင် (၁,၂၄၀) ကျော် အကွာအဝေးသို့ ရောက်ရှိနိုင်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်

အီရန်နိုင်ငံက မိုင် (၁,၂၄၀) ကျော် အကွာအဝေးသို့ ရောက်ရှိနိုင်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်
By Mr John

 အီရန်နိုင်ငံက ကီလိုမီတာ ၂,၀၀၀ (၁,၂၄၃ မိုင်) အကွာအဝေးသို့ ရောက်ရှိနိုင်သည့် ပဲ့ထိန်းဒုံးကျည်တစ်မျိုးကို ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲက အီရန်ကို ၎င်း၏ နျူကလီးယားအစီအစဥ်နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု အလားအလာကို ပြောဆိုခဲ့ပြီးနောက် (၂) ရက်အကြာတွင် အီရန်က ဒုံးကျည်စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံး ဒုံးကျည်အစီအစဥ် ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရန်က ၎င်း၏ဒုံးကျည်များမှာ ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ စစ်အခြေစိုက်စခန်းများသို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ 

အမေရိကန်နှင့် ဥရောပသမဂ္ဂက ကန့်ကွက်မှုရှိသော်လည်း အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်က ၎င်း၏ ကာကွယ်ရေး ဒုံးကျည်အစီအစဥ်ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သွားမည်ဟု ပြောထားသည်။

အီရန်အစိုးရ ရုပ်သံသတင်းဌာနက စက္ကန့်အနည်းငယ်မျှကြာ မှတ်တမ်းဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့ပြီး အီရန်၏ Khoramshahr 4 ပဲ့ထိန်းဒုံးကျည်ကို အဆင့်မြှင့်တင်ထားသော ဒုံးကျည်စမ်းသပ်မှုဖြစ်ကြောင်းနှင့် ကီလိုမီတာ (၂,၀၀၀) အကွာအဝေးသို့ ရောက်ရှိနိုင်ပြီး ပေါင် (၃,၃၀၀) (၁,၅၀၀ ကီလိုဂရမ်) ရှိ ပေါက်ကွဲနိုင်သော ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း သတင်းဖော်ပြသည်။

 

Source: Reuters

Photo: Iran's Ministry of Defence, West Asia News Agency