တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသူ (၁၇)ဦးမြောက်အဖြစ် အမျိုးသမီးကြီးတစ်ဦး ထပ်မံသေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသူ (၁၇)ဦးမြောက်အဖြစ် အမျိုးသမီးကြီးတစ်ဦး ထပ်မံသေဆုံး
သြဂုတ် 6, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူ (၁၇)ဦးမြောက်အဖြစ် ယနေ့ ဩဂုတ်လ(၆)ရက်နေ့ (၁၁)နာရီခွဲဝန်းကျင်အချိန်က အမျိုးသမီးကြီး   (၁)ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)တွင် နေထိုင်သူ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူစဉ် ရောဂါအခံဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ကစ၍ ယနေ့ ဩဂုတ်လ(၆)ရက်နေ့အထိ သေဆုံးသွားကြသူများမှာ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၇)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

 #TachileikNewsAgency