တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများကို ရှာဖွေနေဆဲဖြစ်ပြီး ကျိုင်းတုံတွင် (၈၁)ဦး တွေ့ရှိထား

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများကို ရှာဖွေနေဆဲဖြစ်ပြီး ကျိုင်းတုံတွင် (၈၁)ဦး တွေ့ရှိထား
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများကို ရှာဖွေနေဆဲဖြစ်ပြီး ကျိုင်းတုံတွင် (၈၁)ဦး တွေ့ရှိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက် အတည်ပြုလူနာ (Case 112)နှင့် ထိတွေ့မှုရှိခဲ့သည့် ကျိုင်းတုံမြို့မှ လူပေါင်း (၈၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ထိ ရှာဖွေတွေ့ရှိထားပြီး တာချီလိတ်မှ ထိတွေ့လူဦးရေကို ရှာဖွေစိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

သူက ကျိုင်းတုံလာခဲ့တာဆိုတော့ အခုလက်ရှိအချိန်ထိ ကျိုင်းတုံက (၈၁) ဦးကို ရှာတွေ့ထားပြီ။ နောက်ထပ် ထပ်လိုက်ဦးမှာ။ တာချီလိတ်ကတော့ သူတို့ လိုက်နေဆဲ စာရင်းလုပ်နေဆဲပဲရှိသေးတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

အတည်ပြုလူနာ (Case 112) သည် ယခင်က အတည်ပြုလူနာ (Case 96)နှင့် ထိတွေ့ခဲ့၍ ဧပြီလ (၁၉)ရက်နေ့မှစ၍ Quarantine အသွားအလာ ကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများထဲက (၁)ဦးဖြစ်ပြီး အသွားအလာကန့်သတ်ခြင်း မခံရမီ ၂၀၂၀ခုနှစ် ဧပြီလ (၁၃)ရက်နေ့က ကျိုင်းတုံသို့ အမျိုးသားနှင့်အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီးနောက် နာရေးတစ်ခုသို့ သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ (Case 112) နှင့်အမျိုးသားသည် အဆိုပါ အသုဘဖြစ်သည့်နေအိမ်မှနေ၍ တာချီလိတ်သို့ ဧပြီလ (၁၄)ရက်နေ့တွင် ပြန်ရောက်လာကာ ယင်းနေ့ညတွင် အတည်ပြုလူနာ (Case 96)၏ ဓါတ်ခွဲအဖြေထွက်လာသဖြင့် ဆက်စပ်ထိတွေ့သူ ကျန်းမာရေးဝန်ထမ်းအားလုံးကို ဧပြီလ (၁၅)ရက်နေ့မှစ၍ အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

 ဧပြီလ (၂၀)ရက်နေ့တွင် COVID 19 ပိုးတွေ့ကြောင်း ဓါတ်ခွဲအဖြေရလာသဖြင့် ၎င်းနှင့်ထိတွေ့ခဲ့သူများကို ဧပြီလ (၂၀)ရက်နေ့ညကတည်းက ကျန်းမာရေးဌာန တာဝန်ရှိသူများက ရှာဖွေဆက်သွယ်နေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~