တာချီလိတ်မြို့တွင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မှု စတင်၊ ညနေ(၄)နာရီဝန်းကျင်အထိ ဖြတ်သန်းသူ (၄၀၀)ဝန်းကျင်ရှိ

တာချီလိတ်မြို့တွင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မှု စတင်၊ ညနေ(၄)နာရီဝန်းကျင်အထိ ဖြတ်သန်းသူ (၄၀၀)ဝန်းကျင်ရှိ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့သို့ ဝင်ရောက်လာမည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများမှ တဆင့် Covid-19 မပါလာရေးအတွက် တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်အနီးတွင် Covid-19 စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကိုယ်အပူချိန် တိုင်းတာခြင်း နှင့် ခရီးသွားမှတ်တမ်း ရယူခြင်းကို ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် စတင်လုပ်ဆောင်သည်။

မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် ယနေ့ နံနက်ပိုင်းက စ၍ ညနေ (၄)နာရီဝန်းကျင်အထိ ခရီးသွားနှင့် အနီးအနားနေသူများ အပါအဝင် ဖြတ်သန်းသွားလာသူ စာရင်းအရ (၄၀၀)ဝန်းကျင်ရှိပြီး ၎င်းတို့ကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် စာရင်းရယူခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။ 

 

Stay at Home ဒေသမှ လာမည့်သူများကိုတော့ Quarantine (၁၀)ရက်ထားရှိပြီး Quarantine ထားသည့် (၃)ရက်မြောက်နေ့တွင် (၁)ကြိမ်၊ (၇)ရက်မြောက်နေ့တွင် (၁)ကြိမ် Covid-19 စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဒေသတွင်း ကူးစက်မှုအဖြစ် ဇူလိုင်လ(၁)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်အထိ (၁၀)ဦး အထိရှိနေသည်။



#TachileikNewsAgency

Photo: TNO