တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကို အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်မည်

တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကို အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်မည်
သွဂုတျ 25, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုအတွင်း တည်ဆောက်နေသည့် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)၏ လုပ်ငန်းအများစု ပြီးစီးနေပြီဖြစ်သဖြင့် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


သုသာန်သစ်တွင် လူဦးရေ (၃ဝဝ) ဆန့် ဇရပ်အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး တောင်ကိုမြေညှိ၍ ဆောင်ရွက်နေသည့်အတွက် ရေတိုက်စားမှုများကြောင့် မြေပြိုမှုများဖြစ်နေရာ ကျောက်ရောမြေများဖြင့် အစားထိုးဖြည့်ဆည်းနေရကြောင်း သိရသည်။

လက်ရှိ ကျောက်တောင်ရှိ မြို့မသုသာန်မှာ လူနေရပ်ကွက်များနှင့် နီးကပ်စွာရှိနေပြီး မီးသဂြိုဟ်စက်မရှိသဖြင့် တာယာဟောင်းများဖြင့် မီးရှို့သည့်ညှော်နံ့များကို ပတ်ဝန်းကျင်လူနေအိမ်များက ခံစားနေရသည့်အတွက် ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ မှ စွန့်ကြဲလှူဒါန်းပေးသည့် တောင်ပေါ်မြေ (၁၆) ဧက ကျော်ကို တောင်ထိပ်အမြင့်(၁၅) ပေခန့်တူးထုတ်မြေညှိကာ မီးသဂြိုဟ်စက်နှင့် အရိုးပြာများမြုပ်နှံရာ သုဿန်သစ် တည်ဆောက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့မသုသာန်သစ်တည်ဆောက်ရေးကို တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အများပြည်သူ လှူဒါန်းငွေများဖြင့်  တည်ဆောက်ရေးကော်မတီဖွဲ့စည်း ဆောင်ရွက်နေခြင်းဖြစ်ပြီး သုသာန်သစ်သွားရာလမ်း အရှည် (၂)မိုင်ခန့်ကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ -  San Thein


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုအတွင်း တည်ဆောက်နေသည့် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)၏ လုပ်ငန်းအများစု ပြီးစီးနပြေီဖြစ်သဖြင့် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

"အားလုံးဝိုင်းဝန်းလှူဒါန်းထားတဲ့ ဇရပ်တွေ၊ မီးသဂြိုလ်စက်တွေ၊ အဆောက်အဦးတွေ၊ လမ်းတွေ၊ ရေမြောင်းတွေ၊ သန့်စင်ခန်းတွေ၊ အဝီစိတွင်းတူးထားတာတွေကို အောက်တိုဘာ (၁၅၊ ၁၆) မှာ ရေစက်သွန်းချပြီး အမျှအတန်းပေးဝေပွဲလေး လုပ်မှာပေါ့။ ရေစက်ချပြီးရင်တော့ သုသာန်သစ်က သုံးလို့ရပါပြီ"ဟု တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တည်ဆောက်ရေးကော်မတီ ဥက္ကဌ ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သုသာန်သစ်တွင် လူဦးရေ (၃ဝဝ) ဆန့် ဇရပ်အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါးဖြစ်နပြေီး တောင်ကိုမြေညှိ၍ ဆောင်ရွက်နေသည့်အတွက် ရေတိုက်စားမှုများကြောင့် မြပြေိုမှုများဖြစ်နေရာ ကျောက်ရောမြေများဖြင့် အစားထိုးဖြည့်ဆည်းနေရကြောင်း သိရသည်။

လက်ရှိ ကျောက်တောင်ရှိ မြို့မသုသာန်မှာ လူနေရပ်ကွက်များနှင့် နီးကပ်စွာရှိနပြေီး မီးသဂြိုဟ်စက်မရှိသဖြင့် တာယာဟောင်းများဖြင့် မီးရှို့သည့်ညှော်နံ့များကို ပတ်ဝန်းကျင်လူနေအိမ်များက ခံစားနေရသည့်အတွက် ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ မှ စွန့်ကြဲလှူဒါန်းပေးသည့် တောင်ပေါ်မြေ (၁၆) ဧက ကျော်ကို တောင်ထိပ်အမြင့်(၁၅) ပေခန့်တူးထုတ်မြေညှိကာ မီးသဂြိုဟ်စက်နှင့် အရိုးပြာများမြုပ်နှံရာ သုဿန်သစ် တည်ဆောက်နခြေင်းဖြစ်သည်။

တာချီလိတ်မြို့မသုသာန်သစ်တည်ဆောက်ရေးကို တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အများပြည်သူ လှူဒါန်းငွေများဖြင့် တည်ဆောက်ရေးကော်မတီဖွဲ့စည်း ဆောင်ရွက်နခြေင်းဖြစ်ပြီး သုသာန်သစ်သွားရာလမ်း အရှည် (၂)မိုင်ခန့်ကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြို့မသုသာန်သစ်(ပုံလို့) မြေနေရာကို သုသာန်မြေအဖြစ် တရားဝင်သတ်မှတ်နိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - San Thein

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net