ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် သံယသလူနာ တစ်ဦးပါဝင်လာ

ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် သံယသလူနာ တစ်ဦးပါဝင်လာ
မေ 6, 2020
By Tachileik News Agency
ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် သံယသလူနာ တစ်ဦးပါဝင်လာ
ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး  ပြစ်ဒဏ်စေ့ လွှတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း (၃၇)ဦးကို ၂၀၂၀ခုနှစ် မေလ(၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ လွှဲပြောင်းလာတဲ့အခါမှာ သူတို့တွေ ကိုယ်အပူချိန်မြှင့်နေတဲ့ အမျိုးသားတစ်ဦး ပါဝင်လာလို့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ရပါတယ်၊ 
လက်ရှိမှာတော့ ကိုယ်အပူရှိန်မြှင့်သူကို စောင့်ကြည်လူနာအဖြစ် တာချီလိတ်ဆေးရုံဟောင်းတွင်းက 
အိုင်စိုလေးရှင်းအခန်းမှာ ထားရှိပြီး ကျန်ရှိတဲ့ (၃၆)ဦးကိုတော့ Quarantine သတ်မှတ်ထားပါတယ်။  

မြန်မာနိုင်ငံသား အမျိုးသား (၂၈) နဲ့ အမျိုးသမီး (၉)ဦးကို ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာတဲ့အခါမှာ မြန်မာဘက်က တာဝန်ရှိသူများ နဲ့ ကျန်းမာရေးက လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး လဝက က လွှဲပြောင်းလာတဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ လက်ခံပေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရပြီးနောက် ပြစ်ဒဏ်စေ့လွှတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးရာမှာ ယခုအကြိမ် အပါအဝင်ဆိုရင် (၃)ကြိမ်မြောက်ရှိပြီး ပြစ်ဒဏ်စေ့ စုစုပေါင်း (၁၉၁)ဦးရှိပြီဖြစ်ပါတယ်။

တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကျော်ဇင်ဟိန်း