တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်း လိုင်စင်များ ပြုလုပ်ပေးနေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်း လိုင်စင်များ ပြုလုပ်ပေးနေ
ဇူလိုငျ 12, 2019
By Tachileik News Agency


ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက်  ကျပ် (၁၉,၀၀၀)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချီိလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓါတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လယ် (၂) နာရီအထိ ရှမ်းရိုးမကွင်းတွင် ဆောင်ရွက်ပေးနေသည်။

ယနေ့လာရောက် လုပ်ဆောင်သည့် ဆိုင်ကယ်မောင်းလိုင်စင်များကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ယာဉ်ထိန်းရဲရုံး နောက်ဖက်ရှိ အောင်ဇေယျဓမ္မာရုံ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများပို့ချပြီး လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချိီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓာတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net