ဘောလခဲမြို့နယ်အတွင်း နန်းဖဲကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူနေအိမ်များနှင့်ဆိုင်များကို ရမ်းသမ်းပစ်ခတ်

Photo: KNDF
Photo: KNDF
 ဘောလခဲမြို့နယ်အတွင်း နန်းဖဲကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူနေအိမ်များနှင့်ဆိုင်များကို ရမ်းသမ်းပစ်ခတ်
သြဂုတ် 4, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊  ဘောလခဲမြို့နယ်အတွင်း နန်းဖဲကျေးရွာတွင်   သြဂုတ်လ (၃)ရက်နေ့ ညနေ(၄)နာရီခွဲ ဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် လူနေအိမ်များနှင့် ဆိုင်များကို ရမ်းသမ်းပစ်ခတ်မှုပြီး ဆိုင်အတွင်းမှ ပစ္စည်း နှင့် ငွေများကို ယူဆောင်သွားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ဆိုင်ခန်း နှင့် ပစ္စည်းများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။



 ဩဂုတ်လ(၃)ရက်နေ့ နံနက်  (၁၁)နာရီကျော် အချိန်ခန့်မှစ၍   ဖရူဆိုနှင့် ဘောလခဲမြို့နယ်များအတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ စစ်ကား (၃) စီး မီးလောင်ပြီး (၁၁) ဦးသေဆုံးကာ (၂၀) ထက်မနည်း ဒဏ်ရာရကြောင်းလည်း သိရသည်။