အာဏာသိမ်းစစ်တပ်က ကရင်နီပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအဖွဲ့အစည်းများ အမြန်ဆုံးအရေးယူရန် KNPP တောင်းဆို

အာဏာသိမ်းစစ်တပ်က ကရင်နီပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအဖွဲ့အစည်းများ အမြန်ဆုံးအရေးယူရန် KNPP တောင်းဆို
ဇန်နဝါရီ 8, 2022 | ကယား

ကရင်နီပြည်အတွင်း "အပြစ်မဲ့ ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းအား နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူ ဆောင်ရွက်မှုများအား ပြုလုပ်ဆောင်ရွက်သွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် လေးလေးနက်နက်တောင်းဆိုကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အရေးပေါ်သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ (၇) ရက်နေ့မှစ၍ လွိုင်ကော်မြို့ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ (၈) ရက်နေ့တွင် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့်ပါ အကြိမ်ကြိမ်ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ မြို့တွင်းပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသည့်ပြည်သူများရှိနေပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။