မိုးဗြဲမြို့နှင့် ဖယ်ခုံဒေသများရှိ စစ်ကောင်စီတပ်စခန်း(၈)ခုကို ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်

မိုးဗြဲမြို့နှင့် ဖယ်ခုံဒေသများရှိ စစ်ကောင်စီတပ်စခန်း(၈)ခုကို ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နှင့် ဖယ်ခုံဒေသများရှိ စစ်ကောင်စီတပ်စခန်း(၈)ခုကို ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက် နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးဗြဲနှင့် ဖယ်ခုံဒေသများရှိ ဝါရီဆုဖလိုင်၊ ထုန်းဒူထန်၊ ပွဲကုန်း(၃)၊ ပွဲကုန်း(၁)၊ ညောင်ဝိုင်း၊ ပီကင်းတောခူ၊ ဆောင်ကန်းနှင့် စည်ကား(၂)  ကျေးရွာဒေသများ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း(၈)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း  1008 SSRY Eagle Force တပ်ခွဲ(၁) ရှမ်းတောင် PDFထံမှ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ရေ(၅၀၀)ကျော် ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၄)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းများအား စွန့်ခွာထွက်ပြေးသွားကြသဖြင့် ကရင်နီတော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကာ မိုးဗြဲမြို့အတွင်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency