လာအိုနိုင်ငံမှ COVID-19 စစ်ဆေးပြီး မြန်မာဘက် ပြန်ပို့လာသည့် မြန်မာနေရပ်ပြန် (၁၆၇)ဦးအနက် (၈၃)ဦးတွင် ပိုးတွေ့

လာအိုနိုင်ငံမှ COVID-19 စစ်ဆေးပြီး မြန်မာဘက် ပြန်ပို့လာသည့် မြန်မာနေရပ်ပြန် (၁၆၇)ဦးအနက် (၈၃)ဦးတွင် ပိုးတွေ့

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများကို COVID-19 စစ်ဆေးပြီး Negative ဖြစ်သူ (၁၆၇) ဦးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းသို့ လွှဲပြောင်းပေးလာရာ မြန်မာဘက်က ထပ်မံ စစ်ဆေးချက်အရ (၈၃) ဦးတွင် COVID-19 ကူးစက်နေသည်ကို တွေ့ရသည်ဟု သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို လာအိုဘက်တွင် PCR ဖြင့် COVID 19 စစ်ဆေးပြီး ပိုးမတွေ့သူများကို တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းဘက် လွှဲပြောင်းပေးကာ ပိုးတွေ့သူများကို Quarantine Center များသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လာအိုဘက်က လွှဲပြောင်းပေးလာသူများအား ဝမ်ပုံဆိပ်ကမ်းတွင် COVID-19 ထပ်မံစစ်ဆေးပြီး ပိုးတွေ့သူများကို တာချီလိတ်ရှိ Quarantine Center များသို့ ပို့ဆောင်ကာ ပိုးမတွေ့သူများကို နေရပ်သို့ ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

ယခုအကြိမ်မှာ လာအိုဘက်မှ မြန်မာနေရပ်ပြန်များ တတိယအသုတ်အဖြစ် ပြန်လာကြခြင်းဖြစ်ပြီး ရွှေတြိဂံဇုန်ဘက်တွင် နေရပ်ပြန်ရန်စောင့်ဆိုင်းနေသည့် မြန်မာထောင်နှင့်ချီ၍ရှိနေဆဲဖြစ်သည်။