တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်လ နှင့် ဩဂုတ်လ အတွက် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၃၅)ပြား လျော့ပေးမည်

တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်လ နှင့် ဩဂုတ်လ အတွက် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၃၅)ပြား လျော့ပေးမည်
ဇူလိုင် 23, 2020
By Tachileik News Agency

တာချီလိတ်တွင် Covid-19 ကာလအတွင်း ဇူလိုင်လ နှင့်  ဩဂုတ်လ အတွက် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၃၅)ပြား လျော့ပေးမည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်းကို ထိုင်းနိုင်ငံကနေ လျှပ်စစ်မီးရယူဖြန့်ဖြူးပေးနေတဲ့ တာချီလိတ်မြို့ မီးလင်းရေးကော်မတီက COVID-19 ကာလမှာ ပါဝါမီတာနဲ့ အိမ်သုံးမီတာအမျိုးအစားထဲက အိမ်သုံးမီတာခတွေကို တစ်ယူနစ် ထိုင်းဘတ်ငွေ (၃၅)ပြားအထိ လျော့ချပေးဖို့ စီစဉ်နေပါတယ်။

ဒီအကြောင်းကို တာချီလိတ်မြို့မီးလင်းရေးရုံးရဲ့ ပြင်ပဆက်ဆံရေးမန်နေဂျာ ဦးစိုင်းခမ်းမွန်းက မြန်မာ၊ ရှမ်း နှစ်ဘာသာနဲ့ အခုလိုပြောပြပါတယ်။

တာချီလိတ်မြို့ မီးလင်းရေးကော်မတီအစည်းအဝေးခန်းမမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့ မနက်ပိုင်းက မီးလင်းရေးကော်မတီဝင်တွေ တွေ့ဆုံခဲ့ပြီး  COVID-19 ကာလမှာ မီတာခများလျော့ချကောက်ခံရေးကိစ္စတွေ အိမ်ရှင်များက အိမ်ခန်းငှားများ အပေါ်  မီတာခပိုမိုကောက်ခံနေတဲ့ ကိစ္စတွေ၊ ပျောက်ဆုံးယူနစ်လျော့ချနိုင်ရေးအတွက် မီးကြိုးများလဲလှယ်ရေးကိစ္စတွေ မှုန်ဝါးပျက်စီးနေတဲ့ မီတာများ အသစ်ပြန်လည်လဲလှယ်ရေးကိစ္စများ အပါအဝင်  အဓိကလမ်းမကြီးများမှာ လမ်းမီးများ လင်းစေရေးတွေအပြင် မီးတိုင်များပေါ်မှာ အင်တာနက်ကေဘယ်ကြိုးများ စနစ်တကျသွယ်တန်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~