လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း COVID-19 Quarantine သတ်မှတ်ချက်များ ထုတ်ပြန်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း COVID-19 Quarantine သတ်မှတ်ချက်များ ထုတ်ပြန်

လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီက မြန်မာလုပ်သားများကို COVID 19 Quarantine လပေါင်းများစွာထားသဖြင့် ဆန္ဒထုတ်ဖေါ်ကြသည့်အတွက် Quarantine သတ်မှတ်ရက်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် သတ်မှတ်ချက် ထုတ်ပြန်လာသည်။



ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်းရှိ  မြန်မာရွာကို အနီရောင်အဆင့်သတ်မှတ်ကာ ယမန်နေ့ကတည်းက Lockdown ချထားခြင်းဖြစ်ပြီး ဆက်လက်နေထိုင်မည့်သူများကို COVID 19 စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် COVID 19 ပိုးတွေ့ရသူများ(ဆေးမအောင်သူများ)ကို တောင်ခြေ Quarantine Center ၌ (၁၄) ရက်ထားရှိမည်ဖြစ်ပြီး အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူများကို ဈေးသစ် Quarantine Center တွင် (၁၄) ရက်ထားရှိမည်ဟု ထုတ်ပြန်ထားသည်။

သတ်မှတ်ရက်ပြည့်သွားပါက နောက်ထပ် (၇) ရက် သီးသန့်နေထိုင်စေပြီးမှ နေအိမ်တွင် ပြည်လည်နေထိုင်ခွင့်၊ အလုပ်အလုပ်ကိုင်ခွင့်ပေးမည်ဟု သိရသည်။



အလုပ်ဆိုဒ်များအနေဖြင့်လည်း COVID 19 ဆေးစစ်ထားပြီး ပိုးမရှိကြောင်း ဆေးစစ်ချက်လက်မှတ်ရှိသည့် ဝန်ထမ်းများကိုသာ မြန်မာရွာစီမံခန့်ခွဲမှုအဖွဲ့ အတည်ပြုချက်ဖြင့် လက်ခံရမည်ဖြစ်ပြီး အလုပ်ရှာဖွေသူများအနေဖြင့်လည်း (၅) ရက်အတွင်း ဆေးစစ်ထားသည့် ဆေးစစ်ချက်လက်မှတ် ပြသရမည်ဟု ထုတ်ပြန်ထားသည်။



မြန်မာရွာကို lockdown သတ်မှတ်ထားသည့်ကာလအတွင်း အခက်အခဲရှိသူများ မြန်မာရွာစီမံခန့်ခွဲမှုအဖွဲ့ ဖုန်း +၈၅၆ ၀၂၀၅၈၅၇၈၂၁၄ သို့ ဆက်သွယ်အကူအညီတောင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။