တာချီလိတ်မြို့တွင် (၁)လသားအရွယ် ကလေးငယ် အပါအဝင် Covid-19 ကူးစက်ခံရသူ (၃၉)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် (၁)လသားအရွယ် ကလေးငယ် အပါအဝင် Covid-19 ကူးစက်ခံရသူ (၃၉)ဦး ထပ်တိုး
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၂)နာရီ အချိန်အထိ Covid-19 ကူးစက်ခံထားရသူ (၃၉)ဦး ထပ်တိုးတွေ့ရှိရာ (၁)လသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ပိုးတွေ့ရသည့် (၃၉)ဦးတွင် အမျိုးသားအများအဆုံး ပါဝင်နေပြီး  အသက်အငယ်ဆုံးအဖြစ် (၁)လသား ကလေးအရွယ်(၁)ဦး နှင့် အသက်ကြီးဆုံးအနေဖြင့် အသက်(၇၀)အရွယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။

 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာပြီး ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အထိ Covid-19 ပိုးကူးစက်ခံထားရသူ စုစုပေါင်း (၈၆၇)ဦးရှိလာရာ စောင့်ကြည့်ကုသဆောင်များကနေ တဆင့် နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ  (၂၁၀)ကျော်ရှိနေပြီး သေဆုံးသူမှာ (၂)ဦးအထိ ရှိနေကြောင်း သိရသည်။