တာချီလိတ်တွင် လူစုလူဝေးပြုလုပ်ခွင့်နှင့် အများပြည်သူနေရာများတွင် စုဝေးခွင့် ဇွန်လကုန်အထိ ဆက်လက် ကန့်သတ်

တာချီလိတ်တွင် လူစုလူဝေးပြုလုပ်ခွင့်နှင့် အများပြည်သူနေရာများတွင် စုဝေးခွင့် ဇွန်လကုန်အထိ ဆက်လက် ကန့်သတ်
ဇွန် 16, 2020
By Tachileik News Agency
တာချီလိတ်တွင် လူစုလူဝေးပြုလုပ်ခွင့်နှင့် အများပြည်သူနေရာများတွင် စုဝေးခွင့် ဇွန်လကုန်အထိ ဆက်လက် ကန့်သတ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လကုန်အထိ ထပ်တိုးထားသည့်  ဒေသန္တရအမိန့်၌ လူစုလူဝေးပြုလုပ်ခွင့်က န့်သတ်ချက်တွင် ရောဂါကာကွယ်ရေးအစီအစဉ်များဖြင့်ခွင့်ပြုထားသည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများကို ဖြေလျော့ပေးထားပြီး အများပြည်သူနေရာများကို ဆက်လက်ကန့်သတ်ကြောင်း သိရသည်။

ကျန်တဲ့ဟာတွေကတော့ အရင်ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်မှာပါ။ လူစုလူဝေးကတော့ အစိုးရကခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံတို့၊ ဌာနဆိုင်ရာတို့၊ ရုံး၊ တရားဝင် အကန့်အသတ်နဲ့ဖွင့်ခွင့်ပြုတဲ့ စာသင်ကျောင်းတွေ ဒါတွေကတော့ အကန့်အသတ်နဲ့ ပြန်လည်ဖွင့်ခွင့်ပေးမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေက မြို့နယ်ကိုဗစ်က ဖွင့်ခွင့်ပြုထားရင်တော့ ရပါမယ်။ ဈေးတွေကလည်း အရင်ခွင့်ပြုထားတဲ့အတိုင်းပဲဖြစ်ပါတယ်

 ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့က ပြောသည်။

ဒေသန္တရအမိန့်အရ တာချီလိတ်မြို့နယ်အတွင်း နာရေးမှလွဲ၍ လူစုလူဝေးဖြင့် ကျင်းပသည့် အလှူ၊ မင်္ဂလာဆောင်၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ သင်တန်းများ၊ ဟောပြောပွဲများ မပြုလုပ်ရန်၊ အများပြည်သူဆိုင်ရာ နေရာတွင် လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စားသောက်ပျော်ပါးခြင်းများကို တားမြစ်ထားပြီး တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ရပါက Mask တပ်ဆင်ကြရန် ထုတ်ပြန်ထားသည်။

မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ကြောင်း တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စစ်ဆေးအတည်ပြုချက်ရမှသာ ဆိုင်ထိုင်ရောင်းချခွင့်ရမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ဇွန်လ (၁၅)ရက်နေ့အထိ ကြေညာထားသည့် COVID 19 ကာကွယ်ရေးအတွက် ဒေသန္တရအမိန့်များအတိုင်း ဇွန်လ (၃၀)ရက်နေ့အထိ ထပ်တိုးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း အဆိုပါ ဒေသန္တရအမိန့်အပြင် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ဇွန်လ(၂၂)ရက်နေ့အထိ ထုတ်ပြန်ထားပြီး အမိန့်ချိုးဖေါက်သူကို ထောင်ဒဏ် (၃)လ ချမှတ်အရေးယူနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~